မင်္ဂလာဒုံမြို့နယ်၌ အသက်(၂၀)ခန့်စီဝန်းကျင်ရှိ အလောင်း ၃ လောင်းတွေ့ရှိ

နေပြည်တော် ၁၄ ဇူလိုင် 

 


ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ လှော်ကား မောင်းတံဂိတ်၏ တောင်ဘက် ၂ ဖာလုံခန့်အကွာ လှော်ကားလမ်းဘေး၌ အမည်/နေရပ်/ မိသားစု (စိစစ်ဆဲ) အသက်(၂၀)ခန့်စီဝန်းကျင်ရှိ အလောင်း ၃ လောင်း (အမျိုးသား ၂၊ အမျိုးသမီး ၁) တွေ့ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 


သတင်းအရ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသမီး ၁ ဦးအား ပက်လက်အနေအထားဖြင့် လည်းကောင်း၊ အမျိုးသား ၂ ဦးအား မှောက်ခုံထပ်လျက် အနေအထားဖြင့် လည်းကောင်း ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် အင်းစိန်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကနဦးဆေးစစ်ဆေးချက်များအရ လေမွန်းကြပ်၍ သေဆုံးခြင်းဖြစ်နိုင်ပြီး ပြင်ပဒဏ်ရာ မရှိကြောင်း၊ ၎င်းတို့၏အနီးတွင် မစားရသေးသော ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် ထမင်းထုပ် ၃ ထုပ်နှင့် အလောင်းများတွင် သဲများကပ်နေသည်ကို တွေ့ရှိရသဖြင့် တစ်နေရာရာတွင် သေဆုံးခဲ့ပြီး သဲတင်ကားဖြင့် တင်ဆောင်လာကာ စွန့်ပစ်ထားခြင်းဖြစ်နိုင်ကြောင်း၊ အလုံပိတ်ယာဉ် (သို့) ယာဉ်နောက်ဖုံးအတွင်း ထည့်သယ်လာသဖြင့် သေဆုံးသည့်လက္ခဏာရှိသော လူမှောင်ခိုကူးခံရသူများ ဖြစ်နိုင်ကြောင်း ယူဆရပြီး ထောက်ကြန့်နယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့် ကွင်းဆက် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

 


MDN