မန်စီးတီးအသင်းက တိုက်စစ်မှူး ဖာရန်တောရက်စ်ကို ရောင်းချတော့မည်

ဒီဇင်ဘာ   ၂၄

မန်စီးတီးအသင်းဟာ အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဖာရန်တောရက်စ်ကို ရောင်းချတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းဆီ ရောင်းချသွားဖို့လည်း သဘောတူညီထားတယ်လို့ သိရပါတယ်။

စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဖာရန်တောရက်စ်ကို ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေးပေါင် ၄၆ ဒသမ ၇ သန်းပေးဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ စပိန်လူငယ်ကြယ်ပွင့် ဖာရန်တောရက်စ်ဟာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ အတွင်းက ဗလင်စီယာအသင်းဆီကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၄၃ ပွဲအထိ ပါဝင်ကစားထားကာ သွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ငွေကြယ်