မလွန်-မင်းလှကားလမ်း သက္ကယ်ကျင်းကျေးရွာသွား လမ်းဆုံ၌ မီးရထားနှင့် မော်တော်ယာဉ်တိုက်မှုဖြစ်ပွား

မင်းလှ ၁၈  ဩဂုတ် 


မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ဘက်မှ မင်းဘူးမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် မီးရထားနှင့် မော်တော်ယာဉ်တစ်စီးတို့ ယနေ့ နံနက် ၉ နာရီ မိနစ် ၄၀  ခန့်က မလွန်-မင်းလှကားလမ်းရှိ မိုင်တိုင်(၃/၇)တွင် တိုက်မှုဖြစ်ပွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ သရက်မြို့နယ်ဘက်မှ မင်းဘူးမြို့နယ်ဘက်သို့ ဉီးညွန့်ဝင်း မောင်းနှင်ပြီး ခရီးသည် ၃၀  စီးနင်းလိုက်ပါလာသည့် ရထားအမှတ် RBE ၂၅၉၃(အဆန်) သည် သရက်-မင်းလှရထားလမ်းအတိုင်း မောင်းနှင်လာစဉ် မလွန်-မင်းလှကားလမ်း မိုင်တိုင်(၃/၇)နှင့် ရထားလမ်းမိုင်တိုင်(၃၂၄/၁၉)နှင့် (၃၂၄/၂၀) အကြားအရောက်၌ မင်းလှမြို့နယ်ဘက်မှ ဉီးမျိုးမင်းငြိမ်း မောင်းနှင်ပြီး ဆွေမျိုးသားချင်းခုနှစ်ဉီးတို့ လိုက်ပါလာသည့် စူပါကာစတန် မော်တော်ယာဉ်တို့ သက္ကယ်ကျင်းကျေးရွာသွားလမ်းဆုံ၌ ရထားလမ်းအားဖြတ်ကူးစဉ် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။


ထိုသို့ရထားနှင့် မော်တော်ယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ်၏ ရှေ့ဝဲဘက်ခြမ်း ပျက်စီးပြီး၊ မီးရထားစက်ခေါင်းပိုင်းယာဘက်ဘေးတွင် ထိခိုက်ပွန်းပဲ့ခဲ့ကာ မော်တော်ယာဉ်တွင် ပါလာသူများနှင့် ရထားပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြို့နယ်ပြန်/ဆက်

 

image-0-02-0