မလှိုင်မြို့တွင် ညမထွက်ရအမိန့်ကျူးလွန်သူ ၁၂ ဦးအား အလုပ်မဲ့ထောင်ဒဏ် တစ်လချမှတ်

 

မလှိုင်  ၃  စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်တွင် ညမထွက်ရအမိန့် ကျူးလွန်သူ ၁၂ ဦးအား အလုပ်မဲ့ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

 

အဆိုပါ ညမထွက်ရအမိန့် ကျူးလွန်သူများမှာ မလှိုင်မြို့နယ်ရှိ အမှတ်-၂ နယ်မြေ(၁၀)မှ တစ်ဦး၊ သဲကန်ကျေးရွာမှ တစ်ဦး၊ လယ်ကြီးကျေးရွာအုပ်စု ရွာတန်းကျေးရွာမှ တစ်ဦး၊ အမှတ်(၃)ရပ်ကွက် နယ်မြေ(၉)မှ နှစ်ဦး၊ ရေနီကျေးရွာအုပ်စု ရေနီကျေးရွာမှ ၇ ဦးတို့အား အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ဧပြီ ၂၃ ရက်က အမိန့်အမှတ် (၃/၂၀၂၀) ဖြင့် အမိန့်ထုတ်ပြန်ခဲ့ပြီး အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ခွင့်ပြုချက်မှအပ နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရအမိန့်အား ဇူလှိုင် ၁ ရက်က ပြင်ဆင်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထံမှ သိရသည်။

 

ဘိုဘို(မလှိုင်)