မလှိုင်မြို့နယ်တွင် စကျင်ကျောက်သား ရဟန္တာ ဆင်းတုတော် သုံးဆူ တွေ့ရှိ

မလှိုင်  ၁  နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ကမ္ဘားဖြူကျေးရွာ ဦးပိုင် (၁၃၆) ကွင်းအမှတ် (၂၀၈) မိတ္ထီလာ-မြင်းခြံသွား ကားလမ်း မိုင်တိုင်အမှတ် ၂၃ / ၄ အနီး ခြံဝန်းအတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက် နံနက် ၇ နာရီခွဲ အချိန်ခန့်က သစ်ပင်စိုက်ပျိုးရန် မြေကျင်းတူးရာမှ ရပ်တော်မူ စကျင်ကျောက်သား ရဟန္တာဆင်းတုတော် သုံးဆူအား ဖူးတွေ့ခဲ့ကြောင်း အကွက်ပိုင်ရှင်ထံမှ သိရသည်။

 

"ကျွန်တော်ခြံဝန်းအတွင်း သစ်ပင်စိုက်ဖို့ လုပ်ရာက စကျင်ကျောက်သားလေး ပေါ်နေတာပါ။ ဆက်တူးကြည့်လိုက်တော့ စကျင်ကျောက်သား ဆင်းထုတော်တစ်ဆူ စတွေ့တာပါ။ ဆက်ပြီးတူးတော့ စကျင်ကျောက်သား ဆင်းတုတော် သုံးဆူတွေ့တာပါ။ ကျနော် သက်ဆိုင်ရာကို အသိပေးလိုက်တဲ့အခါ သက်ဆိုင်ရာကလည်း လာကြည့်ကြပါတယ်။" ဟု ခြံပိုင်ရှင် ဦးမြင့်ကြိုင်က ဆိုသည်။

 

အမြင့်ပေ လက်မ (၃၀) ခန့်ရှိ စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော အရှင်ရေဝတ / အရှင်မောဂ္ဂလာန်/ အရှင်ကောဏ္ဍည အမည်စာတန်းများပါသော ရဟန္တာပုံဆင်းတုတော် သုံးဆူအားတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဆင်တုတော်များ တွေ့ရှိခဲ့သော ခြံအတွင်းသို့ ဒေသခံများ လာရောက်ဖူးမြော်လျက်ရှိကြကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)