မလေးရှားဝန်ကြီးချုပ်ဟောင်းဇနီးကို ခင်ပွန်းသည်ရဲ့ လာဘ်စားမှုနဲ့ပတ်သက်ပြီး ၁၃ နာရီကြာ စစ်ဆေးမေးမြန်း

၂၈ စက်တင်ဘာ 

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့ ဇိမ်ခံပစ္စည်းတွေ ကြိုက်နှစ်သက်တဲ့ ဇနီးသည်ကို အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ လာဘ်စားမှုနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ၁၃ နာရီကြာ စစ်ဆေးခံခဲ့ရကြောင်း သိရပါတယ်။ 

အသက် ၆၆ နှစ်အရွယ် ရိုစမာ မန်ဆာကို လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့က စစ်ဆေးမေးမြန်းရာတွင် မနက် ၁၀ နာရီ မထိုးခင်ကနေ ည ၁၁ နာရီ အထိ စစ်ဆေး မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ အခုအကြိမ်ဟာ ဒုတိယအကြိမ် စစ်ဆေးမေးမြန်းမှု လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။  “ရိုစမာ မန်ဆာကို စစ်ဆေးမေးမြန်းမှုဟာ နောက်ဆုံးအကြိမ်ဖြစ်နေပါပြီ။ မကြာခင်မှာ တရားစွဲခံရဖို့ ရှိနေကြောင်း” မလေးရှားအာဏာပိုင်တွေ က ပြောပါတယ်။ 

နာဂျစ်ရဲ့ မဟာမိတ်တွေဟာ နှစ်ပေါင်း ၆၀ ကြာ မလေးရှားနိုင်ငံ အုပ်ချုပ်ရေးအာဏာကို လက်ကိုင်ထားနေရာနေ ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲမှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ 

နာဂျစ်နဲ့ သူ့မိသားစု၊ သူနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက နာဂျစ်ကိုယ်တိုင်တည်ထောင်ထားတဲ့ မလေးရှားဖွံ့ဖြိုးရေးရန်ပုံငွေ 1MDB စီမံကိန်းမှ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာကို အလွဲသုံးစားလုပ်ပြီး စင်ကာပူကနေ ဆွစ်ဇာလန်ဘဏ်တွေ အထိ ရောက်နေပါတယ်။ 

နာဂျစ်ကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်က စွဲချက်အသစ် ၂၅ နဲ့ တရားစွဲခံထားရပါသေးတယ်။ နာဂျစ်ကတော့ သူ ဘာမှ အမှား မလုပ်ထားကြောင်း ပြောပါတယ်။ 

ရိုစမာ ဟာ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို သွားရောက်ပြီး ဈေးဝယ်ရတာကို နှစ်သက်သူဖြစ်ပြီး နာမည်ကြီးတံဆိပ် လက်ကိုင်အိတ်တွေ နဲ့ ကျောက်မျက်ရတာနေကိုဝယ်ယူသုံးစွဲသူဖြစ်တဲ့အတွက် သူမကလည်း 1MDB စီမံကိန်းနဲ့ပါဝင်ပတ်သက်နေကြောင်း သံသယတွေဖြစ်နေကြပါတယ်။ ၁၉၈၆ ခုနှစ်က နှုတ်ထွက်ခဲ့ရတဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကိုစ်ရဲ့ ဇနီးလို သူမ ခင်ပွန်းသည် အာဏာလက်လွတ်ချိန်မှာ ထောင်ချီတဲ့ဖိနပ်တွေ ကျန်ရစ်ခဲ့အဖြစ် ရိုစမာကို နှိုင်းယှဉ်ပြောကြားနေပါတယ်။

MDN
ကိုးကား- AFP