မလေးရှားတွင် သင်းခွေချပ်အများအပြား ဖမ်းဆီးရမိ

၁၃ ဖေဖော်ဝါရီ

မလေးရှားနိုင်ငံ ဘော်နီအိုကျွန်းတွင် သင်းခွေချပ်ပစ္စည်းများနှင့် သင်းခွေချပ် တန်ချိန် ၃၀ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း နှင့်အဆိုပါ မျိုးသုန်းမှုအန္တရာယ်ရှိသော သင်းခွေချပ်သည် ကမ္ဘာပေါ်တွင် တရားမဝင်ကုန်ကူးမှုအများဆုံး သတ္တဝါတစ်မျိုးဖြစ်ကြောင်း သိရသည်။

 

mdn

 

ရဲတပ်ဖွဲ့က နေရာနှစ်နေရာကို ဝင်ရောက်စီးနင်းခဲ့ရာ အဖုံးဖွင့် သေတ္တာ ၁၈၀ဝ ထဲရှိသင်းခွေချပ်အေးခဲအသားများ၊ ဒါဇင်ချီရှိသော သင်းခွေချပ်အရှင်များနှင့် ကီလိုဂရမ်ရာချီရှိ သင်းခွေချပ်အကြေးခွံများကို ဖမ်းဆီးရမိခဲ့ရာ၎င်းတို့၏ ကာလတန်ဖိုးမှာ ခန့်မှန်းခြေ ဒေါ်လာ၂ သန်းဖိုးရှိကြောင်းနှင့် စက်ရုံမှူးဟု ယူဆရသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အာရှနှင့် အာဖရိကရှိ သင်းခွေချပ်များသည် ဥပဒေအရ အကာအကွယ်ပြုထားသည့် မျိုးစိတ်များ ဖြစ်ကြောင်း၊ ၎င်း၏ အကြေးခွံများကို တရုတ်တိုင်းရင်းဆေးများတွင် အသုံးပြုကြပြီး ၎င်းအသားကို အာရှနိုင်ငံအချို့တွင် အရသာရှိသောဟင်းလျာအဖြစ် အသုံးပြုကြကြောင်း ဖော်ပြထားသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို

 

mdn