မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်များ ပြန်လည်ချမှတ်

၁၃ အောက်တိုဘာ

 

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားလာသဖြင့် မြို့တော် ကွာလာလမ်ပူတွင် ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များ ပြန်လည်ချမှတ်မည် ဖြစ်သည်။

 

မြို့တော်ကွာလာလမ်ပူနှင့် အုပ်ချုပ်ရေးနယ်မြေကဲ့သို့သော အခြားဒေသများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဗုဒ္ဓဟူးနေ့မှစတင်ကာ သီတင်းပတ်နှစ်ပတ်ကြာ ချမှတ်မည်ဖြစ်ကြောင်း မလေးရှားအာဏာပိုင်များက ပြောကြားသည်။

 

မလေးရှားနိုင်ငံသည် အောက်တိုဘာလ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်သူဦးရေ ၄၄၀၀ ကျော် ရှိကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီမံချက်များတွင် ထိုဒေသများတွင် စာသင်ကျောင်းများအားလုံး ပိတ်ထားခြင်း၊ ဒေသအချင်းချင်း ခရီးသွားလာခြင်းကို ပိတ်ပင်ထားခြင်းနှင့် အိမ်ထောင်စုတစ်ခုစီမှ လူသုံးဦး သိုမဟုတ် သုံးဦးထက်ပို၍အပြင်ထွက်ခြင်းကို ပိတ်ပင်ထားခြင်းတို့ ပါဝင်သည်။

 

မလေးရှားအာဏာပိုင်များက စီးပွားရေးအပေါ်သက်ရောက်မှုများကို လျော့နည်းသက်သာစေရန် အလုပ်သမားများကို ၎င်းတို့၏အလုပ်ရှင်များက လုပ်ခွင့်ပြုသရွေ့ အလုပ်လုပ်သွားရန် ခွင့်ပြုပေးမည် ဖြစ်သည်။

 

စီးပွားရေးလုပ်ငန်းများ ပိတ်ထားမှုများအပါအဝင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို မတ်လက တင်းကျပ်စွာချမှတ်ခဲ့ပြီးနောက်  နိုင်ငံအတွင်း ရောဂါကူးစက်မှုများကို အနည်းနဲ့အများ ထိန်းချုပ်လာနိုင်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို