မလေးရှားသို့တင်ပို့မည့် ဆင်စွယ် ကီလိုဂရမ် ၂၀ဝ ကို ဇင်ဘာဘွေ သားရိုင်းတိရစ္ဆာန်အာဏာပိုင်အဖွဲ့ ဖမ်းဆီး

ဟာရာရား  ၁၄ ဒီဇင်ဘာ

မလေးရှား၊ ကွာလာလမ်ပူသို့ တင်ပို့မည့် အမေရိကန်ဒေါ်လာ ငါးသိန်းကျော်တန်ဖိုးရှိသော ဆင်စွယ် ၂၀ဝ ကီလိုဂရမ်ကို ဇင်ဘာဘွေ သားရိုင်းတိရစ္ဆာန်သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှ ကြားဖြတ်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ ဆင်စွယ်များကို တနင်္လာနေ့က ရောဘတ်ဂါဘရစ်နိုင်ငံတကာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သားရိုင်းတိရစ္ဆာန်ဆိုင်ရာ နှင့် လုံခြုံရေးအဖွဲ့တို့ ပူးပေါင်း ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နိုင်ငံပိုင် ဟာရယ်သတင်းစာဖော်ပြချက်အရ သိရသည်။

ဆင်စွယ်ပိုင်ရှင်များကိုမသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ကြားဖြတ်ဖမ်းဆီးမှုကို ဇင်ဘာဘွေ အမျိုးသား ဥယျာဉ်နှင့် သားရိုင်းတိရစ္ဆာန်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ ပြောခွင့်ရသူ တီတာရှီ ဖာရာဝိုက အတည်ပြုခဲ့ပြီး အမှုကို ရဲစခန်းသို့ သတင်းပေးပြီးဖြစ်ကြောင်းလည်း သိရသည်။

(ဆင်ဟွာ)