မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၄၉၉၀ ထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၃

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၄၉၉၀ ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၂၁၄၂၉၂၄ ဦး အထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများအနက် ငါးဦးသည် ပြည်ပမှပြန်ရောက်လာသူများဖြစ်ပြီး ၁၄၉၈၅ ဦးသည် ဒေသတွင်း ကူးစက်ခံရသူများဖြစ်ကြောင်း ထိုဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် ၄၈၇ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၄၅၆၅ ဦးအထိရှိလာသည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူပေါင်း ၁၉၁၇၀၈၅ ဦး ရှိသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၂၀၁၂၇၄ ဦးရှိပြီး ၁၁၁၄ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  တစ်ကြိမ်ထက်မနည်းထိုးနှံမှုခံယူပြီးသူ ၆၈ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိပြီး ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးသူ ၅၈ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို