မလေးရှာနိုင်ငံသို့ ပူးတွဲလေ့ကျင့်ရန် မြန်မာကြက်တောင်အားကစားအဖွဲ့ ပြည်ပထွက်ခွာ

ရန်ကုန်    ၁  အောက်တိုဘာ       

မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့် မလေးရှာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မလေးရှာနိုင်ငံ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ (၂၃) ရက်နေ့အထိ  ပူးတွဲလေ့ကျင့်ရန် မြန်မာနိုင်ငံ ကြက်တောင်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင် ၊ အတွင်းရေးမှူး ဦးဉာဏ်လွင်၊ တွဲဖက် အတွင်းရေးမှူး ဦးမျိုးကျော်သူ၊ နည်းပြချုပ် ဦးမောင်မောင်နှင့် အမျိုးသားအားကစားသမား (၃)ဦး၊ အမျိုးသမီးအားကစားသမား (၃)ဦးတို့သည် ယနေ့နံနက် (၁၁) နာရီ (၄၅)မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရှိရသည်။

MDN