မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်သောင်းကျော်ရှိ

ကွာလာလမ်ပူ ဇူလိုင် ၁၉

 

မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၉၇၂ ဦးရှိခြင်းကြောင့် နိုင်ငံ တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉၂၇၅၃၃ ဦးရှိလာကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၉၇၂ ဦးအနက် ၁၀၉၂၄ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၄၈ ဦးသည် ပြည်ပမှ ပြန်လာသူများအနက်မှ ကူးစက်ခံရ သူများဖြစ်ကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဟစ်ရှမ်အဗ္ဗဒူလာက ပြောကြားသည်။

 

မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၂၉ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၇၁၄၈ ဦးရှိလာကြောင်း သိရသည်။ ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၆၄၃၉ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၇၉၁၃၈၈ ဦးရှိလာကြောင်း သိရသည်။

 

လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၁၂၈၉၉၇ ဦးရှိကြောင်း၊ ၉၁၅ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ၄၃၅ ဦးသည် အသက်ရှူ အထောက်အကူပြု ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်