မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၀၀၂ ဦး ထပ်မံတွေ့ရှိ

ဧပြီ ၅

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၀၀၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၄၂၅၆၄၆၉ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုဗစ်ရောဂါထပ်မံကူးစက်ခံရသူများအနက် ၉၈ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၉၉၀၄ ဦးသည် ပြည်တွင်း ကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၂၈ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၁၂၇ ဦး ရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများအသီးသီးမှ ဆင်းသွားသူပေါင်း ၄၀၄၁၇၂၃ ဦးရှိသည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၇၉၆၁၉ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၂၃၆ ဦးရှိသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၄ ဒသမ ၃ ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၉ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ၄၈ ဒသမ ၆ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို