မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၁၄၀ ထပ်မံတွေ့ရှိ

ကွာလာလမ်ပူ   ဧပြီ   ၁၉

မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၁၄၀ ထပ်မံတွေ့ရှိခြင်းကြောင့်   နိုင်ငံတစ်ဝန်းတွင်  ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူစုစုပေါင်း ၄၃၉၆၁၆၅ ဦးရှိလာကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရသူများအနက် ၆၈၇၆  ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၂၆၄ ဦးသည် ပြည်ပမှပြန်လည်ရောက်ရှိလာသူများ အနက်မှ  ကူးစက်ခံရခြင်းဖြစ်ကြောင်း    မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့်အချက်အလက်များအရ သိရသည်။

ထို့ပြင် လွန်ခဲ့သည့်တစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၆ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့်သေဆုံးသူပေါင်း ၃၅၄၃၇ ဦး ရှိလာ ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၁၄၄၂၃ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၄၂၆၄၁၂၇ ဦးရှိလာကြောင်း နှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာ စုစုပေါင်း ၉၆၆၀၁ ဦးရှိကြောင်း သိရသည်။


မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၈၄ ဒသမ ၆ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း၊ ၈၀ ဒသမ ၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၄၈ ဒသမ ၉ ရာခိုင်နှုန်းသည် တတိယအကြိမ်အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။                                       

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်