မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၀၇ ဦးထပ်မံတွေ့ရှိ

ကွာလာလမ်ပူ    မေ   ၁

 

မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၀၇ ဦးထပ်မံ တွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၄၄၈၀၀၄ ဦးရှိ လာကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါ တစ်ရက်အတွင်း ကူးစက်ခံရသူများ အနက် ၂၀၉၁ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများ ဖြစ်ကြောင်းနှင့် ၁၆ ဦးသည် ပြည်ပမှပြန်လည်ရောက် ရှိလာသူများအနက်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့်အချက်အလက်များအရ သိရသည်။

 

ထို့ပြင် မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ငါးဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့်သေဆုံး သူပေါင်း ၃၅၅၄၇ ဦးရှိလာကြောင်း သိရသည်။

 

မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၆၈၉၀ ဦးထပ်မံတွေ့ရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၄၃၆၆၉၅၁ ဦးရှိလာကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာ စုစုပေါင်း ၄၅၅၀၆ ဦးရှိကြောင်း သိရသည်။

 

မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း၊ ၈၁ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၄၉ ဒသမ ၁ ရာခိုင်နှုန်းသည် တတိယအကြိမ်အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်