မလေးရှားနိုင်ငံမှာ အရက်တုတွေ သောက်ပြီး သေဆုံးသူ ၂၁ ဦးအထိ ရှိလာ

၂၁ စက်တင်ဘာ

မလေးရှားနိုင်ငံမှာ အရက်အတု တွေသောက်သုံးမိတဲ့အတွက် သေဆုံးသူ ၂၁ ဦးအထိ ရှိလာနေပြီလို့ မလေးရှား အာဏာပိုင်တွေ ကပြောပါတယ်။ 

အရက်အတု သောက်သုံးသူ အများစုဟာ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံက လာရောက် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ အများစုနှင့်အတူ မလေးရှားနိုင်ငံသား ၃ ဦး ပါဝင်ကြောင်း သိရပါတယ်။ အဲဒီအရက်အတု သောက်သုံးမိလို့ အဆိပ်သင့်သူ ၃၆ ဦးက ဆေးကုသခံယူဆဲဖြစ်ပြီး ၂၁ ဦးကတော့ သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးက အတည်ပြုပြောကြားပါတယ်။

ကွာလာလမ်ပူမြို့ အနီးရှိ ဆိုင်တွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေပြီး ဝီစကီ နှင့် ဘီယာတွေ သိမ်းဆည်း ခဲ့ကြောင်း၊ ဆိုင်ပိုင်ရှင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ 

အရက်အတုသောက်ပြီး သေဆုံးသူဟာ တနင်္လာနေ့ညပိုင်းကစပြီး သေဆုံးခဲ့ ရာ ၂၁ ဦးအထိ ရှိလာတာဖြစ်ပါတယ်။ 

MDN
ကိုးကား-AFP