မလေးရှားမှာ ဖမ်းဆီးရရှိတဲ့ အာဖရိက သင်းခွေချပ်အကြေးအခွံ ၂ ဒသမ ၈ တန် ကို မီးရှို့ဖျက်ဆီး

၇ ဒီဇင်ဘာ

 

မလေးရှားနိုင်ငံရှိ တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုကို တားမြစ်ရေးမှ ဖမ်းဆီးရရှိထားတဲ့ အာဖရိက သင်းခွေချပ်အကြေးခွံ ၃ တန် နီးပါးကို မနေ့က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ အဲဒီအကြေးခွံ တန်ဖိုးက အမေရိကန်ဒေါ်လာ ၉ မီလီယံ ရှိကြောင်း သိရပါတယ်။ 

 

 

ဒီအကြေးခွံတွေဟာ တရုတ်တိုင်းရင်းဆေးဖော်ရမှာ အင်မတန်အသုံးဝင်ပြီး တန်ဖိုးကြီးကြောင်း ဆိုပါတယ်။ မလေးရှား အမျိုးသား တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဌာနက တာဝန်ရှိသူ အက်ဘဒူ ကာဒီ အဘူ ဟက်ရှင် က “အခုလိုမျိုး ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးလိုက်တယ်ဟာ တရားမဝင်သယ်ယူသူတွေကို သတိပေးလိုက်သလိုဖြစ်မယ်၊ သင်းခွေချပ်အကြေးခွံတွေကို ဓါတ်ခွဲစမ်းသပ်တဲ့ အဖြေအရ ဒီသင်းခွေချပ်တွေဟာ အာဖရိက မျိုးစိတ်တွေဖြစ်တယ်၊ အကြေးခွံ ၃ တန် နီးပါးရရှိဖို့အတွက် သင်းခွေချပ် အကောင်ရေ ၃၀ဝ၀ ထောင်လောက်ကို သတ်မှရရှိနိုင်မယ်” လို့ သတင်းဌာနတွေကို ပြောကြပါတယ်။ 

 

ဒီသင်းခွေချပ် အကြေးခွံတွေဟာ သင်္ဘော ၃ စီးနဲ့ ဂါနာနှင့် ကင်မရွန်းနိုင်ငံတွေကနေ ၂၀၁၇ ခုနှစ် မေလ ကနေ  စက်တင်ဘာလအတွင်းမှာ မလေးရှားလိပ်စာအမှားနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။  အခုဖမ်းဆီးရရှိတဲ့ သင်းခွေချပ်အကြေးခွံတွေဟာ နိုင်ငံခြားဈေးကွက်ဖြစ်တဲ့  တရုတ်နဲ့ ဗီယက်နမ်တို့ကို ပုံမှန်အားဖြင့် ပို့ဆောင်ဖို့ဖြစ်ပြီး တရုတ်တိုင်းရင်းဆေးဖော်ဖို့အတွက် ဖြစ်ပါတယ်။ 

 

 

မနှစ်ကလည်း သင်းခွေချပ်အကြေးခွံ ၈ တန်ကို မီးရှို့ဖျက်ဆီးပြီးကြောင်း  အက်ဘဒူ ကာဒီ က ပြောပါတယ်။ 

 

သင်းခွေချပ်အသားက သွေးလည်ပတ်မှုကောင်းသလို မိခင်တွေအတွက် နို့ထွက်ကောင်းတယ်ဆိုပြီး ဈေးကြီးပေးပြီး စားသုံးကြတဲ့အတွက် သင်းခွေချပ်ဖမ်းသူတွေ များလာကြောင်း သိရပါတယ်။

 

MDN
ကိုးကား- AFP