မလေးရှားဒုဝန်ကြီးချုပ်ဟောင်း ငွေကြေးခဝါချမှု၊ လာဘ်စားမှုတို့ဖြင့် တရားစွဲခံရ

၁၉ အောက်တိုဘာ

မလေးရှားနိုင်ငံရဲ့ အတိုက်ခံ (UMNO) ပါတီ ခေါင်းဆောင်ဖြစ်လာတဲ့ ဒုတိယဝန်ကြီးချုပ်ဟောင်း အာမတ် ဇာဟစ် ဟာမီဒီ ကို  ငွေကြေးခဝါချမှု၊ လာဘ်စားမှုစတဲ့ စွဲချက် ၄၅ ခုနဲ့ ဒီကနေ့( သောကြာနေ့) မှာ တရားစွဲ လိုက်ပါတယ်။ 

ဒုတိယဝန်ကြီးချုပ်ဟောင်းဟာ ရရစံ အက်ကာ ဘူတီလူမှုထောက်ပံရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ်လုပ်ဆောင်စဉ် အဖွဲ့ရန်ပုံငွေတွေနဲ့ပတ်သတ်ပြီး ယုံကြည်မှုကို အလွဲသုံးစားလုပ်မှု၊ ငွေကြေးခါဝချမှုတိုက်ဖျက်ရေး ဥပဒေအရ ငွေကြေးတွေ တရားမဝင် လက်ခံရယူမှု၊ လွဲပြောင်းမှု၊ အာဏာအလွဲသုံးစားမှု စတဲ့ စွဲချက်တွေဖြစ်ပါတယ်။ 

ကွာလာလမ်ပူတရားရုံးကနေ အာမက် ဇာဟစ် ကို မလေးငွေ ရှားရင်းဂစ် ၂ မီလီယံနဲ့ အာမခံ ဒီကနေ့ ပေးခဲ့ပေမယ့် သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းလိုက်ပါတယ်။ 

အာမခံငွေထဲက မလေးရှားငွေ ရင်းဂစ် ၁ မီလီယံကို ဒီကနေ့ ပေးဆောင်ရမှာဖြစ်ပြီး ကျန်တဲ့ငွေကြေးကို အောက်တိုဘာ ၂၆ ရက်မှာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အမှုကို ဒီဇင်ဘာ ၁၄ ရက်မှာ ဆက်လက် စစ်ဆေးသွားမယ်လို့ သိရပါတယ်။ 

MDN
ကိုးကား- AFP