မလေးရှားဘုရင်သစ် တင်မြှောက်သောအခမ်းအနား ကျင်းပ

၃၁ ဇန်နဝါရီ

 

ဘုရင်သစ် ဆူတန် အက်ဒူလာ ဆူတန် အာမက်ရှား ကို ထီးနန်းပေးအပ်ပွဲကို ဒီကနေ့ (ကြာသပတေးနေ့) မှာ ကျင်းပခဲ့ပါတယ်။  ဘုရင်သစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကွာလာလမ်ပူရှိ အမျိုးသားနန်းတော်မှာ ကျင်းပခဲ့ရာ အားကစားကို နှစ်သက်တဲ့ဘုရင်သစ်က အပြာနုရောင် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ 

 

vv1

 

ဘုရင်အသစ် ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရုပ်မြင်သံကြားကနေ တနိုင်ငံလုံးကို ထုတ်လွှင့်ပေးခဲ့သလို ဝန်ကြီးချုပ် မဟာသီယာ မိုမက်အပါဝင် ဖိတ်ကြားထားတဲ့ ပရိသတ်ရာချီပြီးတက်ရောက်ခဲ့ကြပါတယ်။ 

 

vv2

 

ဇန်နဝါရီလ အတွင်း ဘုရင် ရာထူးနေရာကို စွန့်လွှတ်ခဲ့တဲ့ ဆူတန် မိုဟာမက်ဗီက ရုရှားအလှမယ်ဟောင်းနဲ့ လက်ထပ်ပြီး ထီးနန်းကို စွန့်လွတ်ခဲ့ခြင်းဟာ မူဆလင်အများစုနေထိုင်တဲ့ နိုင်ငံအတွက် ပထမဦးဆုံး အဖြစ်အပျက် ဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP

 

vv3