၇ ဇန်နဝါရီ
မလေးရှားနိုင်ငံဘုရင် မိုဟာမက်-၅ သည် ၅နှစ်သက်တမ်း မကုန်ဆုံးဆုံးမီ ယနေ့ ထီးနန်းစွန့်ခဲ့ကြောင်းသိရသည်။
မလေးရှားနန်းတော်က အဆိုပါကြေညာချက်ကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မလေးရှားဘုရင်တစ်ပါးမှာ ဝန်ကြီးချုပ်တစ်ဦး ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားတစ်ခုကို တာဝန်ယူခြင်းအပါအဝင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နေသည်။
ပြည်နယ်၁၃ခုရှိ ဆူလ်တန်ဘုရင်ကိုးပါးအနက် ဆူလ်တန်ဘုရင်တစ်ပါးကို မဲစနစ်ဖြင့် မလေးရှားဘုရင်အဖြစ် ငါးနှစ်သက်တမ်းအတွက် ရွေးချယ်သည်။
၁၅ယောက်မြောက်ဘုရင်ဖြစ်သည့် မိုဟာမက်-၅ မှာ ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ၎င်း၏ ငါးနှစ်သက်တမ်းကို စတင်ခဲ့သောကြောင့် နန်းစံသက်တမ်း နှစ်နှစ်ရှိပြီဖြစ်သည်။
မိုဟာမက်-၅ မှာ ငါးနှစ်သက်တမ်းမကုန်ဆုံးမီ ရာထူးကိုစွန့်သည့် ပထမဆုံးသော မလေးရှားဘုရင်ဖြစ်ကြောင်း ဒေသန္တရမီဒီယာများက ပြောကြားသည်။
မလေးရှားနန်းတော်က ဘုရင်ရုတ်တရက် နန်းစွန့်ရသည့်အကြောင်းရင်းကို မရှင်းပြခဲ့ပေ။
မိုဟာမက်-၅ သည် ပြီးခဲ့သောနှစ် နိုဝင်ဘာလမှစ၍ ဆေးခွင့်နှစ်လယူထားချိန်အတွင်း မော်စကိုအလှမယ် ဟောင်းတစ်ဦးဟုဆိုသူ အသက်၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လက်ထပ်ထားသည်ဟု မလေးရှားမီဒီယာများက ရေးသားဖော်ပြသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်