မက်မန်းမြို့နယ်ရှိ “နမ့်ကျွတ်-ပန်ကောက်-ရောင်ပန်” ကျေးရွာများတွင် ကျေးရွာချင်းဆက် မြေသားလမ်း (၁၂) မိုင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း

၁၆ ဩဂုတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် မက်မန်း မဲဆန္ဒနယ်မှ ဦးတင်အေးက မက်မန်းမြို့နယ်ရှိ “နမ့်ကျွတ်-ပန်ကောက်-ရောင်ပန်” ကျေးရွာများတွင် ကျေးရွာချင်းဆက် မြေသားလမ်း (၁၂) မိုင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဦးစွာ သတ်မှတ်လမ်းအကျယ် ၃၀ ပေခန့် မြေလမ်းရရှိနိုင်ရေး ဒေသအတွက် အကျိုးပြုမှု၊ ဆောင်ရွက်ရမည့် လမ်းမိုင်အရှည် စသည်တို့နှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေ ဆက်လက်ထောက်ခံ တင်ပြလာပါက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်မှ စတင်ပြီး နှစ်စဉ်ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ လုပ်ငန်းဦးစားပေး အစီအစဉ်ဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

MDN