မက်မန်းမြို့ သာယာလှပရေး View Point နှင့် မြေထိန်းနံရံဆောက်လုပ်နေမှုအား တာဝန်ရှိသူများစစ်ဆေး

မက်မန်း  သြဂုတ် ၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊  မက်မန်းမြို့၌ မြို့သာယာလှပရေး အတွက် View Point နှင့် မြေထိန်းနံရံဆောက်လုပ်နေမှုအား ဩဂုတ် ၇ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအ​ဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများမှ တာဝန်ရှိသူ များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မက်မန်းမြို့တွင် Clean & Green အစီအစဉ်အရ မက်မန်းမြို့ပေါ်၌ View Point (၃၀ ပေ × ၂၀ ပေ) ဆောက်လုပ်ခြင်း နှင့် မြေထိန်းနံရံ (၄၀၀ ပေ × ၃ ပေ × ၁၀ ပေ) တည်ဆောက်ခြင်းကို ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ် အစိုးရမှ ခွင့်ပြုရန်ပုံငွေကျပ် (၁၀၄ ဒသမ ၈)သန်းဖြင့်  ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)