မျက်လုံးအလှခြယ်ပစ္စည်းအမျိုးမျိုး

ရေးသားသူ Nadi

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ယခုအခါမျက်လုံးကို အလှဖော်သည့် နည်းလမ်းအများအပြား ရှိလာပြီးဖြစ်ပြီး ဖြည့်ပေးသော ဖေလာကနည်းလမ်းတစ်မျိုးဖြစ်သည်။ ဒီဆောင်းပါးသည် မျက်လုံးဖေလာ ပုံစံမျိုးစုံအကြောင်း သတင်းအချက်အလက်ပေးသည်။

၁။ ဟိုင်ယာလူရိုနစ်အက်စစ် အရေးအကြောင်းဖြည့်ဖေလာများ။

အရေးအကြောင်းများကို ဖြည့်ပေးသော အသုံးများဆုံးအရာက ဟိုင်ယာလူရိုနစ်အက်စစ်ဖြစ်သည်။ ပုံစံတစ်ခုခြင်းဆီက တစ်မျိုးစီအလုပ်လုပ်ပြီး မတူညီသော ရလဒ်များကိုပေးသည်။

ဆိုးကျိုးများကရှားသော်လည်း ဆေးထိုးသောနေရာတွင် နီခြင်းယောင်ခြင်းများ ဖြစ်နိုင်သည်။ ဖြည့်စွက်ပေးသော ထိုအရာများက အရေပြားပေါ်တွင် သေးငယ်သော အမာရွက်များအဖြစ် ကျန်နိုင်သည်။ အချိန်နှင့်အမျှ တိုးတက်လာသော်လည်း ပြသာနာတစ်ခုအဖြစ် ရှိနေသေးသည်။

ထိုရလဒ်သည် လပေါင်းများစွာမှ တစ်နှစ်နှစ်နှစ်ထိခံနိုင်သည်။ အချို့သောလေ့လာချက်များအရ ခဏခဏထိုးခြင်းကြောင့် ခန္ဓာကိုယ်မှ သဘာဝအတိုင်း ကောလန်းဂျင်းကို ထွက်လာစေသည်ဟုဆိုသည်။ ထိုအရာက သကြားဓါတ်နှင့် အရေးအကြောင်းများကို နည်းအောင်ကီူပေးသည်။ အချို့သောသက်သေပြချက်က တဖြည်းဖြည်းချင်း တူညီသောပုံရအောင်လိုအပ်သော ဖြည့်စွက်အာဟာရ နည်းလာလိမ့်မည်ဟုဆိုသည်။

ဟိုင်ယာလူရိုးနစ်အက်စစ် အရေးအကြောင်းဖြည့်စွက်ခြင်းတွင်

  • ဘဲလန့်
  • ဟိုင်လာဖောင်
  • ဂျူဗီဒန် ဘိုလူမာ အိပ်စီ
  • ဂျူဗီဒန် အိပ်စီ
  • ဂျူဗီဒန် အထရာအိပ်စီ
  • ဂျူဗီဒန် ဘိုဘဲလာအိပ်စီ
  • ပရီဘဲလာစစ်
  • ရက်စတာလိမ်း
  • ရက်စတာလိမ်းအယ်
  • ရက်စတာလိမ်းလိစ်
  • ရက်စစ်
  • ရက်စတာလိမ်း ရီဖိုင်
  • ရက်စတာလိမ်း ဒီဖိုင်

တည်ဆောက်ထားသောအရေးအကြောင်းပျောက်ဆေး

ထို အရေးအကြောင်းလိမ်းဆေးများတွင် ရုက္ခဗေဒပစ္စည်းများပါဝင်သည်။ ဒီဖြည့်စွက်အရာများသည်လည်း တူသောဆိုးကျိုးများ ထိုးသောနေရာတွင်နီခြင်း ယောင်ခြင်း သို့မဟုတ် အညိုအမဲစွဲခြင်းတို့ဖြစ်နိုင်သည်။ အခြားဆိုးကျိုးများတွင် အရေပြားအောက်တွင်မမြင်နိုင် စမ်း၍မရသော အလုံးပေါ်ခြင်းနှင့် ရှားသောကိစ္စမျာတွင် ထိုအလုံးကို ဖယ်ရန်ခွဲစိတ်မှုထိလိုနိုင်သည်။

ကောင်းသောအချက်မှာ ကြာရှည်ခံသည်။ အနည်းဆုံး ဖေလာတစ်ခါထိုးခြင်းဖြင့် ထာဝရ အစွန်အနားကို ညီစေသည်။ သိထားရသည်မှာ ထိုသို့ကြာရှည်ခံပစ္စည်းများက ဆိုးကျိုးပိုဖြစ်နိုင်သည်။ ထိုပြင် မှန်ကန်စွာမသုံးပါက ပုံပျက်သွားခြင်းတို့ဖြစ်နိုင်သည်။

၂။ ကော်လန်ဂျင်အရေးအကြောင်းဖြည့်ဖေလာများ

သိပ္ပပညာရှင်များက ပထမဆုံးတီထွင်ခဲ့သော အရေးအကြောင်းအတွက်မှာ နို့မှထုတ်ထားသည့် ကော်လန်ဂျင်စစ်စစ်ဖြစ်သည်။ ထိုအရာက သဘာဝအတိုင်း ဖြည့်ပေးသော်လည်း ကောင်းမွန်စွာ အလုပ်လုပ်သော်လည်း ကြာရှည်မခံပါ။ ကော်လန်ဂျင် ကုထုံးတော်တော်များများက တစ်လလောက်ကြာလျင် အာနိသင်ပျယ်သွားတတ်သည်။ ထိုအရာများက တိရစ္ဆာန်မှရသောကြောင့် ဓါတ်မတဲ့ခြင်းများစွာ ဖြစ်နိုင်ပြီး ဓါတ်တည့်မတည့် စမ်းသပ်ရန်လိုအပ်သည်။

ကော်လန်ဂျင်ကုထုံး အသစ်ကဓါတ်မတည့်ခြင်းကို လျော့ချပေးသည်။ ထိုအပြင် အသစ်ပြုလုပ်ထားသော ကော်လန်ဂျင်က ပိုလုံခြုံမှုရှိပြီး လူအများတွင် သုံးရန်ပိုစိတ်ချရသည်။ အခြားအရာများလောက် ကြာရှည်မခံသော်လည်း ရလဒ်က သဘာဝအတိုင်းဖြစ်စေသည်ဟု လူအများစုကယုံကြည်သည်။

ကော်လန်ဂျင်ထိုးသောမကောင်းသောအချက်မှာ

ဓါတ်မတည့်မှုဖြစ်နိုင်ခြင်းဖြစ်သည်။ (များသောအားဖြင့် နွားမှရသောအရာများကို သုံးဆဲဖြစ်ပါက) ထိုပြင့် ထိုးသောနေရာတွင် အညိုအမဲစွဲခြင်းနှင့်နီရဲခြင်းတို့ဖြစ်နိုင်သည်။

ထိုးသော ကော်လန်ဂျင်များတွင်

  • ကောမိုဒန်
  • အီဗိုလန့်
  • ဖိုင်ဖာ
  • ဇစ်ဒန်
  • ဇစ်ပလပါ။

၃။ သဘာဝအတိုင်းအရေးအကြောင်းဖြည့်ပေးသော ဖေလာများ

အဆီကိုအဓိကအသုံးများသည်။ ပေါင် တင်ပါး သို့မဟုတ် အစာအိမ်မှအဆီကို ခွဲယူပြီး ပြန်ထိုးပေးသည်။ အဆင့်နှစ်ဆင့် လုပ်ရန်လိုသည်။ အဆီကိုဖယ်ခြင်းနှင့် ပြန်ထိုးပေးခြင်းဖြစ်သည်။ တစ်ချိန်ထဲနှင့် အဆင့်နှစ်ဆင့် တစ်ခါတည်းလုပ်နိုင်သည်။ အဆီကို ဓါတ်ခွဲခန်းတွင်ပြန်ပြင်ခြင်းက အချိန်ကုန်ပြီး ဈေးကြီးသည်။ ထိုရလဒ်က တစ်သက်လုံးခံသော်လည်း ကြားတွင်ဆေးထိုးရန်လိုအပ်နိုင်သည်။

ဖြည့်သောဖယ်လာနည်းလမ်းများ မသုံးမီ ဆရာဝန်နှင့်တိုင်ပင်ပါ။ သင့်မျက်လုံးက ထိခိုက်လွယ်နေပါက ပြင်းပြင်းထန်ထန်ပြန်တုံပြန်နိုင်သည်။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

MDN