မက္ကဆီကို အကျဉ်ထောင်းဆူပူမှုများအတွင်း ၁၆ ဦး သေဆုံး

မက္ကဆီကို  မြောက်ပိုင်း ပြည်နယ် မြို့တော် Zacatecas ရှိ အကျဉ်းထောင်တွင် ယမန်နေ့ နေ့လည်ပိုင်းက  ဆူပူမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရ မီဒီယာက ဖော်ပြခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုသည် အကျဉ်သားများကြား အချင်းချင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်နယ်မြို့တော် Zacatecas မြို့မှ ၁၃ကီလိုမီတာအကွာရှိ Cieneguillas အကျဉ်းထောင်တွင် ဒေသစံတော်ချိန် မွန်းလွဲ  ၂နာရီ ၃၀မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

6+

 

မကြာမီအချိန်အတွင်းမှာ ဒေသန္တရဲများ ရောက်ရှိလာပြီး အခြေအနေကို နေ့လည်ပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြည်နယ်ပြည်သူလုံခြုံရေးဌာနက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ခ်ျကေ

ဘာသာပြန်-မေဇော်ထက်