မကွေးတွင် ပထဆုံးအကြိမ် ကွန်ပျူတာသိပ္ပံ နှင့် ကွန်ပျူတာနည်းပညာဆိုင်ရာ ပရောဂျက်ပြိုင်ပွဲပြုလုပ်

မကွေး  ၁၅  စက်တင်ဘာ 

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(မကွေး)တွင် The 1st  ICT Project Competition & Show, 2018 အခမ်းအနားကို စက်တင်ဘာ (၁၂) ရက်နေ့ ကကျင်းပပြုလုပ်ခဲ့သည်။

 

ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင် က “ကျောင်းသား၊ ကျောင်း သူများ၏ လေ့လာနိုင်မှုစွမ်းအားသည် စာသင်ခန်းတစ်ခုတည်းတွင် ဆရာ၊ဆရာမ၏ သင်ကြားပို့ချမှု နှင့်ပြဋ္ဌာန်း ထားသောစာအုပ်များ၏ အကန့်အသတ်ဘောင်အတွင်းတွင် ပိတ်လှောင်ခံမနေဘဲ၊မိမိသင်ယူထားသော ပညာရပ်ကို အခြေခံ၍ ကျောင်းပြင်ပတွင် မိမိဘာသာဆက်လက်လေ့လာလိုသောစိတ်၊ တီထွင် ဖန်တီး လိုစိတ်၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းတတ်သော အလေ့အကျင့်ကောင်းများရရှိမွေးမြူနိုင်ရန်ရည်ရွယ်၍ ကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း”ပြောသည်။

 

ဆုများရွေးချယ်ရာတွင် ဒိုင်လူကြီးများက ဆန်းသစ်တီထွင်နိုင်မှု(innovation)၊ နည်းပညာအသုံးချမှုနှင့် တတ်ကျွမ်းနားလည်မှု(technology)၊ ရှင်းလင်းတင်ပြနိုင်မှု(presentation)၊ ပြင်ဆင်ပြသနိုင်မှု (decoration)၊ စုပေါင်းလုပ်ဆောင်နိုင်မှု (team work)၊ လူသားတို့အပေါ်အကျိုးပြုနိုင်မှု ( benefit in society)၊ စီးပွားရေး ဆိုင်ရာထည့်သွင်းစဉ်းစားနိုင်မှု (business)  စသည့်အချက်များအပေါ် အခြေခံ၍ အမှတ်ပေးသွားမှာပါ ဒိုင်လူကြီးများ အနေဖြင့် ပေးမှတ်(၆၀)၊ တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် လာရောက်လေ့လာသူများက မဲပေးရွေးချယ်မှုကိုပေးမှတ်(၄၀) ၊ပေးမှတ်နှစ်ခုပေါင်းပြီး ဆုအသီးသီးကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ် ဆုငွေများအနေဖြင့် ကွန်ပျူတာ သိပ္ပံပရောဂျက်အတွက် ပထမဆု (၃)သိန်း၊ ဒုတိယဆု(၂)သိန်း၊ တတိယဆု(၁)သိန်း၊ အလားတူကွန်ပျူတာနည်းပညာပရောဂျက်များအတွက် ပထမ၊ဒုတိယ၊ တတိယစသည်ဖြင့်စုစုပေါင်းငွေ(၁၂)သိန်း ချီးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း ဒေါက်တာ  စိုးလင်း အောင်မှ ဆက်လက် ပြေပြသည်။

 

အဆိုပါပြိုင်ပွဲတွင် ဒုတိယနှစ် မှ စတုတ္ထနှစ်အထိ ကျောင်းသား၊ကျောင်းသူများက ကွန်ပျူတာသိပ္ပံ နှင့် ကွန်ပျူတာ နည်းပညာဆိုင်ရာ ပရောဂျက်များအား ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပြီး ပြိုင်ပွဲဝင် အသင်းများအနေဖြင့် ကွန်ပျူတာသိပ္ပံ ကျောင်းသား၊ကျောင်းသူများက ပြိုင်ပွဲဝင်အသင်း (၁၈)သင်းနှင့် ကွန်ပျူတာနည်းပညာကျောင်းသား၊ကျောင်းသူများ ပြိုင်ပွဲဝင်အသင်း(၇)သင်း၊စုစုပေါင်း(၂၅)သင်း ဝင်ရောက် ယဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်ဇေယျ