မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြည်သူများသို့ ပန်ကြားချက်ကို ပခုက္ကူမြို့ပေါ်တွင် အသိပေးလှုံ့ဆော်

ပခုက္ကူ ၉ ဧပြီ 

 

မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူပြုစေရန် ပြည်သူများသို့ ပန်ကြားချက်ကို ဧပြီ ၈ ရက်က ထုတ်ပြန်ခဲ့ရာ ပခုက္ကူမြို့တွင် ဧပြီ ၉ ရက် နံနက် ၉ နာရီက လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သီဟိုဠ်ရှင် စေတနာဆေးခန်း အခမဲ့ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ပြည်သူများ သိရှိလိုက်နာ ရှောင်ကြဉ်နိုင်စေရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မဟာသင်္ကြန်ကာလ ရုံးပိတ်ရက် (ဧပြီ ၁၀ ရက် ၀၀:၀၁ နာရီမှ ၁၉ ရက် ည ၂၄:၀၀ နာရီထိ) ကာလအတွင်း အချက် ၉ ချက်ပါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြည်သူများသို့ ပန်ကြားချက်ကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)