မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်ရေလမ်းကြောင်း မိုင် ၁၈၀ အတွင်း၌ ရေပေါ်ကမ်းပေါ် လမ်းညွှန် အမှတ်အသားများ ဆောင်ရွက်လျက်ရှိ

မကွေး ၁၅  ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီးအတွင်း မိုင်(၁၈၀) ဖြတ်သန်းစီးဆင်းသွားသော ဧရာဝတီမြစ်ရေလမ်းကြောင်း၌ ခရီးသည်တင်နှင့် ကုန်တင်သင်္ဘောရေယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်အတွက် ရေပေါ်၊ ကမ်းပေါ် အမှတ်အသား စိုက်ထူပြသခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၉ ရက် နေ့မှစ၍ လုပ်ဆောင်လျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ဒေသ (၄) ၊ မကွေးတိုင်းဒေသကြီးရုံးမှ သိရသည်။

 

ာိည

 

ပခုက္ကူမြို့နယ် လမ်းရွာမှ ညောင်ကျထိ(၅၃မိုင်) ၊ ညောင်ကျမှ မင်းလှမြို့ထိ(၄၂မိုင်) ၊ မင်းလှမှ အောင်လံ မြို့ထိ(၄၉မိုင်) ၊အောင်လံမှ ကံမမြို့နယ်၊စစ္စရံရွာထိ (၃၆မိုင်) စုစုပေါင်း မိုင်(၁၈၀)အတွင်း၌ ရေလမ်းပိုင်း (၄)ပိုင်းခွဲ၍ လုပ်ဆောင်လျက်ရှိပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ရေပေါ်ပြအမှတ်အသားခုရေ (၁၈၀)နှင့် ကမ်းပေါ်ပြအမှတ်အသား (၁၀ဝ)၊ ဖေဖော်ဝါရီလတွင် ရေပေါ်ပြအမှတ်အသားခုရေ (၁၈၀) နှင့် ကမ်းပေါ်ပြအမှတ်အသား (၁၁၀) တို့  ဆောင်ရွက်သွားမည်ဖြစ်သည်။

 

8520

 

 “သင်္ဘောတွေ၊ရေယာဉ်တွေသွားလာမှု အန္တရာယ်ကင်းအောင် ရေလမ်းကြောင်းတွေရှာဖွေပြီး ရေလမ်းညွှန်အမှတ်အသားတွေ ပြသဖို့လုပ်နေပါတယ်။ဥပမာပြောရရင် ဘော့ဖြူအမှတ်အသားကို မြင်တာနဲ့ ရေယာဉ်တွေဟာ အစုန်ရော အဆန်ရော ဘော့ဖြူကိုလက်ယာထားပြီး သွားရတာ။ ဂိုလာနီအမှတ်အသားပြထားရင် ကမ်းရဲ့အနီးမှာကျောက်ဆောင်၊ သင်္ဘောအမြုပ် ဒါမှမဟုတ် သစ်ပင်အမြုပ်တွေရှိနေတယ်။အန္တရာယ်ရှိတယ်ပေါ့။ ဒီလိုမျိုးတွေပြတာပါ။အန္တာရယ်ပြနဲ့ လမ်းညွှန်ပြ အမှတ်အသားတွေကို တွဲပြတာတွေလည်းလုပ်နေပါတယ်” ဟု ရေလမ်းညွှန်ဌာနစု ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောသည်။

 

7

 

ရေယာဉ်မောင်းနှင်သူများက ဖြတ်ကူးရန်ပြ ၊ ဖြတ်ကူးထပ်ကြောင်းပြ ၊ ကမ်းကပ်မောင်းရန်ပြ ၊ ကမ်းနီး အန္တာရယ်ပြ၊ ကမ်းဝေးအန္တာရာယ်ပြ ၊ ကြေးနန်းကြိုးမြုပ်ပြ ၊ ရေကြောင်းပိတ်ပြ ၊ ရေပေါ်တစုန်း ၊ ရေမြုပ်တစုန်း ၊ ရေယာဉ်မြုပ်ပြ ၊ ရေယာဉ်သွားလမ်းကြောင်းပြ အမှတ်အသားများနှင့် ရေယာဉ်များကို လက်ဝဲဘက်ထားသွား (ဘော့နီ) ၊ လက်ယာဘက်ထားသွား(ဘော့ဖြူ) ၊ ကျောက်ဆောင်နှင့် တစုန်းပြ (ဘော့နက်)အမှတ်အသားများကိုကြည့်ရှု၍ အန္တာရာယ်ကင်းအောင် မောင်းနှင်ကြရမည်ဖြစ်သည်။

 

89

 

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုဝင်ဘာ(၁၅)ရက်နေ့မှ မေလ(၁၅) ရက်နေ့ထိကို ရေနည်းချိန်ကာလအဖြစ်သတ်မှတ်ထားပြီး မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်ရေ လမ်းအတွင်း၌ ရေစူးအနက် ၅ ပေ ထိသာ ဝန်တင်၍ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ၊ ရေလမ်းအခက်အခဲရှိသည့် ရေလမ်းများတွင်လည်းစခန်းချ ရေလမ်းညွှန်လုပ်ငန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

5

 

ဦးစီးဌာနအနေဖြင့် ပုံမှန်မြစ်ရေရှိချိန်များတွင် ရေပေါ်ပြအမှတ်အသားခုရေ (၁၀ဝ) နှင့် ကမ်းပေါ်ပြအမှတ် အသား(၈၀) ခန့်သာ ထားလေ့ရှိသော်လည်း ရေနည်းချိန်ကာလ၌ ပုံမှန်ရေရှိချိန် ကာလများထက် ပိုမိုတိုးမြှင့် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ဇူလိုင်လမှ စက်တင်ဘာလထိ (၃)လတွင် ရေများချိန်ဖြစ်၍ အမှတ်အသားပြ လုပ်ငန်းများနားထားပြီး ကျန်အချိန်များတွင် ရေယာဉ်များ သွားလာမှုကို အထောက်အကူပြုနိုင်ရန် စီစဉ်ထားရှိကြောင်း  လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်ထံမှ သိရှိရသည်။

 

6

 

 ဇေယျတု(မကွေး)