မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းဘူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ပရဟိတအသင်း အဖွဲ့များနှင့် တွေ့ဆုံ

မင်းဘူး ဩဂုတ်

 

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် မင်းဘူးမြို့ ခရိုင်/မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးနှင့် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ဝန်းအတွင်း အောက်ဆီဂျင်စက်ရုံ အမြန်ဆုံး တည်ဆောက်နိုင်ရေးတို့ကို ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အတူ မင်းဘူးမြို့နယ် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ပရဟိတအသင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn

 

အစည်းအဝေတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနေသည့်ကာလအတွင် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ကာကွယ်ဆေး ထိုးနှံခြင်းများကိုလည်း အမြန်ဆုံး ထိုးနှံကြရမှာဖြစ်ကြောင်း ရောဂါရရှိ၍ ဝေဒနာခံစားနေရသော ပြည်သူများအတွက် အောက်ဆီဂျင် ရရှိရေးသည်လည်း အလွန်အရေးပါသည့်အတွက် အောက်ဆီဂျင် လုံလောက်စွာ ရရှိနိုင်ရန် စက်ရုံအမြန်ဆုံး တည်ဆောက်နိုင်ရေးတို့ကို ဆောင်ရွက်ကြရမှာဖြစ်ပြီး စက်ရုံတည်ဆောက်ပြီးပါက လိုအပ်သည့် အောက်ဆီဂျင်များ အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးအောင်ကိုကိုက Oxygen Plant တစ်ခု တည်ဆောက်ရာတွင် အောက်ဆီဂျင်များ အမြန်ဆုံး ဖြန့်ဖြူးနိုင်ရေးအတွက် လမ်းအနေအထား၊ မီးရရှိရေးအတွက် ထရန်စဖော်မာ၊ အောက်ဆီဂျင်အိုးများနှင့် လိုအပ်သော အခက်အခဲများကို တင်ပြရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းအတွက် အောက်ဆီဂျင်အိုး ၁၀၀ ပေးမှာဖြစ်၍ အိုး ၅၀ ကို လာမည့် လဆန်းပိုင်းတွင် ရရှိမှာဖြစ်ကာ ကျန်ရှိသည့်အိုး ၅၀ အား နောက်လများတွင် ပေးသွားမှာ ဖြစ်ကြောင်း၊ အခြားတင်ပြချက်များမှ ကျန်ရှိသည့် အချက်များကိုလည်း ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဩဂုတ်လတွင် စက်ရုံ အမြန်ဆုံးတည်ဆောက်နိုင်ရေးတို့ကို လုပ်ဆောင်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ဇေယျာထက် (မင်းဘူး)