မကွေးမြို့နယ် ပညာရေးဝန်ထမ်းမိသားစုမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီထံ အလှူငွေကျပ်(၄၃)သိန်း ပေးအပ်လှူဒါန်း

မကွေး ၁ ဧပြီ

 

မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီထံ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

 

လှူဒါန်းပွဲတွင် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက လှူဒါန်းမှု၊ အလှူခံရရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပညာရေးမိသားမှ အလှူငွေကျပ်(၄၃)သိန်းအား လုပ်ငန်းကော်မတီထံ လှူဒါန်းပေးအပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်ဌေးနှင့် ဒေါ်ခင်ချိုလတ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဖိုးနီ၊ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

သန်းနိုင်ဦး(ငဖဲ)