မကွေး   ဇန်နဝါရီ    ၁၉

 

မကွေးမြို့ ကမ်းနားလမ်းတွင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အနားယူ အပန်းဖြေ စားသောက်နိုင်ရန် ညဈေးတန်း တည်ဆောက်ခဲ့ပြီး  ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် ညနေ ၆ နာရီက မကွေးမြို့ ကမ်းနားလမ်း We Love Magway အနီးရှိ ညစျေးတန်း၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ တက်ရောက် ဖွင့်လှစ်ပေးသည်။

 

ဦးစွာ မကွေးမြို့ ကမ်းနားလမ်း ညဈေးတန်းအား ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ ဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့က ကမ်းနားလမ်း ညဈေးတန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ကမ်းနားလမ်း ညဈေးတန်း ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာ ပက်ဖျန်းပေးသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကမ်းနားလမ်း ညဈေးတန်းအား လှည့်လည်ကြည့်ရှုပြီး ကမ်းနားလမ်း ညဈေးတန်း ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား ဘူဖေးစနစ်ဖြင့်  ညစာတည့်ခင်းဧည့်ခံခဲ့သည်။

 

mdn

 

အဆိုပါ မကွေးမြို့ ကမ်းနားလမ်း ညစျေးတန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၉၀၀ ဖြင့် (အရှည် ၃၁၅ ပေ ၊ အကျယ် ၄၄ ပေ)ရှိ ညစျေးကို သံကူကွန်ကရစ် ပိုင်ထိပ်အုပ်နှင့် သံကူကွန်ကရစ်တိုင်၊ သံကူကွန်ကရစ်ကြမ်းခင်း၊ သံမဏိရက်မ၊ သံပန်းလက်ရန်းတို့ဖြင့် ၂၀၂၁ ခုနှစ် ဇွန် ၂၉ ရက်တွင် စတင်တည်ဆောက်ခဲ့ကာ စက်တင်ဘာ ၃၀ ရက်တွင် လုပ်ငန်းပြီးစီးခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မောင်ညီညာ