မိုးသက်လေပြင်းကျရောက်ခဲ့သဖြင့် မလှိုင်မြို့နယ်ရှိ အ.မ.ကကျောင်းဆောင် အမိုးလန်ပျက်စီး

မလှိုင်  ၂၇ ဇွန်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်အုပ်ကျေးရွာတွင် ယမန်နေ့ ည  ၉ နာရီခွဲခန့်က မိုးသက်လေပြင်း ကျရောက်ခဲ့သဖြင့် ညောင်အုပ် အ.မ.ကကျောင်းဆောင် အမိုးလန်ပျက်စီးခဲ့ပြီး အုတ်တံတိုင်း(၅)ခန်း ပြိုကျခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် ညောင်အုပ် အ.မ.ကကျောင်းဆောင်ရှိ ၈ ပေသွပ် ၁၇၈ ချပ်၊ ဒိုင်း ၂၆ ချောင်း၊ မျှား ၆၅ ချောင်း၊ ဒိုင်းချုပ် ၁၃ ချောင်း၊ အုတ်တံတိုင်း ၅ ခန်းပြိုကျခဲ့ပြီး ပျက်စီးမှုစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၄၄၄ဝဝ ခန့် ဆုံးရှုံးခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)