မြို့သစ်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ရောဂါပိုး ထပ်မံမတွေ့ရှိတော့သဖြင့် ဆေးရုံဆင်း

မြို့သစ်  ၄  မေ

 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးစင်တာမှ ဧပြီ ၁၃ ရက်နေ့က ကိုဗစ်-၁၉ ပိုး positive တွေ့ခဲ့ပြီး မကွေးတိုင်းဆေးရုံသို့ ဆေးကုသရန်သွားရောက်ခဲ့သည့် မြို့သစ်မြို့နယ်သား (case-53) ကို ဧပြီ  ၂၆ ရက်နေ့တွင် ဒုတိယအကြိမ် ပိုးစစ်အဖြေ negative၊ မေ ၁ ရက်နေ့တွင် တတိယအကြိမ် ပိုးစစ်အဖြေ Negative အဖြေထွက်ခဲ့သဖြင့် မကွေးတိုင်း ဆေးရုံကြီး ငါးထပ်ဆောင်မှ ဆေးရုံဆင်းခွင့်ဖြင့် မေ ၃ ရက်နေ့ နံနက်က မြို့သစ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

၎င်းကို မေ ၃ ရက်နေ့ မနက် ၁၀ နာရီက မြို့နယ်ကိုဗစ်ကော်မတီမှ သွားရောက် ခေါ်ဆောင်ခဲ့ပြီး မြို့သစ် အထက(၁) တွင် Facality Quarantine (၇)ရက်၊ နေအိမ်တွင် Home Quarantine (၇) ရက် ထားရှိမည် ဖြစ်ကြောင်း သိရသည်။

 

သန်းဝင်းထွန်း (ပြန်ဆက်)