မြို့သစ်မြို့နယ် ပုလင်းချောင်း ရေကျော်တွင် ခြောက်ဘီး ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်

မြို့သစ် ၃၀ အောက်တိုဘာ

မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပုလင်းချောင်း ရေကျော်တွင် ယနေ့နံနက်ပိုင်းက ခြောက်ဘီးကုန်တင်ယာဉ် တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အောင်လံမြို့နေ ကိုဇော်လွင်ဦး မောင်းနှင်လာသော ဂေါဖီထုပ်နှင့် ပန်းမုန်လာများ တင်ဆောင်ထားသည့် ခြောက်ဘီးကားမှာ မြို့သစ်မှ တောင်တွင်းကြီးဘက်သို့ မောင်းနှင်စဉ် မိုင်တိုင်အမှတ် (၁၄) ပုလင်းချောင်း ရေကျော်အဆင်း အကွေ့အရောက်တွင် အရှိိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ခြမ်း ရေကျော်၏ အရှေ့ဘက်သို့ထိုးကျ တိမ်းမှောက်ခဲ့သည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့် မြို့သစ် မြို့မရဲစခန်းမှ ဆက်လက် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်ထွန်း (ပြန်/ဆက်)