မြို့သစ်မြို့နယ်  ပေပင်ရိုးကန်ရေသောက် လယ်ဧက(၂၀ဝ)အတွက် အောင်ရေရရှိရေး  လုပ်ငန်းများ ဆောင်ရွက်

မြို့သစ် ၊ ၂၃ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး ၊မြို့သစ်မြို့နယ် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ   ကျေးလက်နေပြည်သူများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပုလင်းကြီးကျေးရွာအုပ်စု ပေပင်ရိုး ကျေးရွာရှိ   ပေပင်ရိုးကန်အား  နွေစပါး၊မိုးစပါးအတွက် လယ်များအောင်ရရရှိရေး  ပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသည်။

 

"ကျွန်တော်တို့ အခုဆောင်ရွက်နေတဲ့ကန်ကတော့ ပေပင်ရိုးကျေးရွာက  ပေပင်ရိုးကန် ဖြစ်ပါ တယ် ဆောင်ရွက်မှုအမျိုးအစားက(၂)မျိုးရှိပါတယ်    မြေသားတာဘောင်ဖို့ခြင်းလုပ်ငန်းကိုတော့ ငွေ အိမ်စည် ကုမ္မဏီကနေ တာဝန်ယူဆောင်ရွက်ပါတယ် ကျောက်စီ ၊ ပန်းရံလုပ်ငန်းကတော့ ကျွန်တော် တို့ဌာနက လုပ်ဆောင်ပေးပါတယ် ရေထုတ်ပြွန်နှင့် ရေပိုလွှဲပါတယ် လယ်ဧက(၂၀ဝ)ကျော်ခန့် လယ်ရေသောက်ဖို့   အောင်ရေ အပြည့်အဝပေးနိုင်မှာဖြစ်ပြီး  တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ သန်း(၅၀) နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်"ဟု မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးအောင်ဇော်ထက်က ပြောသည်။

 

"ဆည်မြောင်းဦးစီးဌာနက ကန်ကိုမွန်းမံပြင်ဆင်ပေးနေပါတယ် ဒီကန်ကြီး ကောင်းမွန်သွားပြီ ဆိုရင်ကန်ရဲ့ အောက်ပိုင်းမှာရှိတဲ့ စပါးဧက(၂၀ဝ)ကျော်ကို ရေလုံလုံလောက်လောက်ပေးဝေအကျိုးပြု နိုင်မှာဖြစ်ပါတယ် ဒါကြောင့် ကျေးရွာက ပြည်သူလူထုတွေက အထူးပင်ကျေးဇူးတင်နေပါတယ်" လို့ ပုလင်းလင်းကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။

 

အဆိုပါ ပေပင်ရိုးကျေးရွာ ရွာဦးကန်ကို လယ်စိုက်ပျိုးရေရရှိရေးပြန်လည်ပြုပြင်တည်ဆောက် ခြင်းကို မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ (၂၀၂၀) ဒီဇင်ဘာလ ပထမအပါတ်မှ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး  ကျေးလက်နေပြည်သူအများ  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပေပင်ရိုးကျေးရွာ  ပေပင်ရိုး ကန်၏  ရေဝပ်ဧရိယာမှာ(၅)စတုရန်းမိုင်ရှိပြီး  ၊   ကန်ဘောင်အမြင့်(၁၅)ပေ ကန်ဘောင်၏   အလျား (၁၂၀ဝ)ပေ ၊တာပေါင်အကျယ်မှာ(၁၄)ပေ၊ တာဘောင်အမျိုးအစားမှာ မြေသားတာဘောင် အမျိုးအစား ဖြစ်ပြီး   ရေထုတ်ပြွန်နှင့် ရေပိုလွှဲအား  ကျောက်စီ  ၊   ပန်းရံဖြင့် ဆောင်ရွက်လုပ်ကိုင်သည့်  တည်ဆောက်ရေး လုပ်ငန်းဖြစ်ကာ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ  သန်း (၅၀)ဖြင့် လုပ်ဆောင်ခဲ့ပြီး   ပေပင် ရိုးကျေးရွာနေ တောင်သူများအတွက် နွေစပါး ဧက (၂၀ဝ) မိုးစပါးဧက (၂၀ဝ)ခန့် စိုက်ပျိုးရေ ပေးဝေ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

သန်းဝင်းထွန်း ( ပြန်/ဆက်)