“မိုးရာသီတွင် အဖြစ်များသောကူးစက်ရောဂါများ”

ယခုကဲ့သို့မိုးဦးကျမှစတင်၍ မိုးရာသီတွင်အဖြစ်များသောကူးစက်ရောဂါများကို ကြိုတင် သတိပြုကာကွယ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

စဉ်

ရောဂါများ

ကူးစက်ပြန့်နှံ့ပုံ

ကြိုတင်ကာကွယ်ရေး

နည်းလမ်းများ

သွေးလွန်

တုပ်ကွေး ရောဂါ

ရောဂါပိုးရှိသည့် ခြင်ကျားကိုက်ခံရခြင်းဖြင့် ကူးစက်ပါသည်။

 

(၁) ခြင်ကိုက်မခံရအောင်နေထိုင်ပါ။

(၂) မိမိပတ်ဝန်းကျင်တွင်ခြင်ကျား  

    မပေါက်ပွားနိုင်စေရန် ဆောင်ရွက်ပါ။

ဝမ်းပျက်

ဝမ်းလျှော

ရောဂါများ

  • မသန့်ရှင်းသောရေ သောက်သုံးခြင်း
  • ယင်နားစာများစား သုံးခြင်း
  • တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း
  • ပတ်ဝန်းကျင်သန့်ရှင်း မှုအားနည်းခြင်း တို့ကြောင့် ကူးစက်ပါသည်။

(၁) ရေကို(ဖြစ်နိုင်ပါက) ကျိုချက်၍ သောက်သုံးပါ

(၂) အစားအစာများကို ပူပူနွေးနွေး စားသုံးပါ၊ ယင်မနားအောင်ဖုံးအုပ်ထားပါ၊

ယင်နားစာများကိုရှောင်ကြဉ်ပါ။

(၃) အစာမစားမီနှင့် အိမ်သာအထွက်တွင် လက်ကိုဆပ်ပြာဖြင့်ဆေးပါ။

(၄) လက်သည်းညှပ်ပါ။

(၅) မိမိအိမ်နှင့် ပတ်ဝန်းကျင်တွင် ယင်ကောင်၊ ကြွက်စသည်တို့ မခိုအောင်းစေရန်အမှိုက်သရိုက် များကိုရှင်းလင်းထားပါ။

 

 

စဉ်

ရောဂါများ

ကူးစက်ပြန့်နှံ့ပုံ

ကြိုတင်ကာကွယ်ရေး

နည်းလမ်းများ

ရာသီ

တုပ်ကွေး

ရောဂါ

ရောဂါရှိသူနှာချေ/ချောင်းဆိုးခြင်းဖြင့် အသက်ရှူ

လမ်းကြောင်းမှတဆင့် အခြားသူများသို့ ကူးစက်ပါသည်။

(၁) နှာချေတိုင်း/ ချောင်းဆိုးတိုင်း နှာခေါင်းနှင့်ပါးစပ်ကိုလုံအောင် အုပ်ပါ။

(၂) လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။

(၃) လူထူထပ်သောနေရာများနှင့် ပွဲလမ်း သဘင်များသို့သွားလာခြင်းကိုရှောင်ကြဉ်ပါ။

 

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန