မိုးရာသီစာအုပ်ဈေးရောင်းပွဲတော် နောက်ဆုံးနေ့ စာဖတ်ဝိုင်းပုသိမ်မြို့တွင် ကျင်းပ

ပုသိမ်  ၈ ဇူလိုင်   

 

ဧရာဝတီတိုင်ဒေသကြီး ပုသိမ်မြို့တွင် မိုးရာသီစာအုပ်ဈေးရောင်းပွဲတော် နောက်ဆုံးနေ့ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ခရိုင်ပြန်/ဆက် ဦးစီးဌာန  ခရိုင်ဦးစီးမှူး ဦးဝင်းရှိန်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက ဒေါက်တာဖေမြင့်၏ စဉ်စားခြင်းစာအုပ်မှ မီးသတ်သမား၏ လျှပ်တပြက်ဉာဏ်၊ သမိန်ပရမ်း၏နည်း၊ အရင်သင်္ဘောလား  သင်္ဘောအသစ်လား၊ စားသင့်မစားသင့်  ခေါင်းစဉ်များ ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ခရိုင်ဦးစီးမှူးက  ကျောင်းသား၊ ကျောင်းသူများအား စာအုပ်လက်ဆောင်များ ပေးအပ်ကာ အခန်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ စာဖတ်ဝိုင်းကျင်းပရာသို့ခရိုင်ပြန်/ဆက် ဦးစီးမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

မောင်မောင်မြင့်( ပြန်/ဆက်)