မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူး ၂၅ ဩဂုတ်

 

သဘာဝပတ်ဝန်းကျင် သာယာလှပ စိမ်းလန်းရေးအတွက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ပဲခူးတိုင်းဒေသကြီး ကျောက်တန်းစံပြကျေးရွာ၊ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းကျင် ဒေသများတွင် ယမန်နေ့က ကျင်းပခဲ့သည်။

 

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ပန်းပျိုးလက် သစ်မာစိုက်ခင်းတွင် ပျဉ်းကတိုး၊ ယင်းမာ၊ သရက်၊ ဝါး စသည့်တို့အပြင် သစ်သီးဝလံပန်းမန်မျိုးစုံ ၁၀၀၀ ကျော်ကိုလည်း စိုက်ပျိုးခဲ့ပြီး ပန်းပျိုးလက် ဘုန်းတော်ကြီးသင် စာသင်ကျောင်းကိုလည်း နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့သည်။ ယင်းအပြင် အဆိုပါ ပညာသင်ကျောင်းရှိ ကလေးများအတွက် လိုအပ်သော ထောက်ပံ့ပစ္စည်းများကိုလည်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဂလိုဘယ်ဝေါ(လ်) အာမခံကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးစိုးဝင်းသန့်နှင့် အဖွဲ့က ဦးဆောင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယင်း ဂလိုဘယ်ဝေါ(လ်) အာမခံကုမ္ပဏီလီမိတက်သည် ၂၀၁၃ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ကာ အာမခံဝန်ဆောင်မှုများကို ၂၄ နာရီ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိသည့်အပြင် နိုင်ငံတော်နှင့် တောင်သူလယ်သမား ဦးကြီးများအတွက် အကျိုးရှိစေမည့် သီးနှံအာမခံ (Crop Insurance) အမျိုးအစားသစ်ကိုလည်း ၂၀၁၈ ခုနှစ်ကတည်းက စတင် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းခေတ်၊ ဓာတ်ပုံ- မိုးမခ