မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ကော့သောင်း   ၆  နိုဝင်ဘာ 

 

အခြေခံပညာကျောင်းများ၏ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ အထကခွဲ၊အလက(၄) ကျောင်း တွင် မြို့နယ်ပူးပေါင်း အဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ ပြည်သူ့ကျန်းမာရေးဌာနတို့ မှတာဝန်ရှိ ပူးပေါင်းအဖွဲ့ဖြင့် ကျောင်းသားကျောင်းသူများသို့ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ရောဂါဘယ ကင်းဝေးစွာ ပညာ သင်ကြားနိုင်ရေး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရန် စနစ်တကျ အမှိုက်စွန့်ပစ်ရေး အသိပညာပေးခြင်း၊ ကျောင်းမုန့်ဈေးဆိုင်များ တွင်ရောင်းချလျှက်ရှိသည့် အစားအသောက်များမှ ဆိုးဆေးများ၏ ဆိုးကျိုးအန္တရာယ် များ၊ ပလတ်စတစ်ဖော့ခွက်များ အသုံး ပြုမှုလျှော့ချရေး၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ တားမြစ်ထားသော အစားအသောက်များ၊ သက်တန်းလွန် အစားအသောက်များ ဝယ်ယူ စားသောက်ခြင်း မပြုရန်နှင့် ရောင်းချခြင်း မပြုရန် အသိပညာပေးခြင်း စသည့်လုပ်ငန်းများအား သက်ဆိုင်ရာ ဌာနများမှ မိမိတို့ ဌာနအလိုက် အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

 

ကျော်စိုး (ကော့သောင်း)