မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကလေးငယ်များအား စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသ

ကလေးငယ်များ ဘက်စုံစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူဖြစ်စေရန်နှင့် အများနှင့် စုပေါင်းဆောင်ရွက်တတ်စေပြီး ဖြတ်ထိုးဉာဏ်များ ပိုမိုကောင်းမွန်လာစေရန်၊ စာအုပ်စာပေနှင့် နီးစပ်လာစေရန် ရည်ရွယ်ကာ ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား စက္ကူအရုပ်ခေါက်နည်း သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

 

စက္ကူအရုပ်ခေါက်နည်း သင်ကြားရာတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက ရောင်စုံစက္ကူများဖြင့် ကလေးများ စက္ကူအရုပ်ခေါက်တတ်စေရန် ခြင်္သေ့ခေါင်းရုပ်၊ အလှမီးပုံးရုပ်များကို တစ်ဆင့်ချင်း သင်ကြားပြသပေးခဲ့ပြီး ကလေးငယ်များကိုယ်တိုင် ဖန်တီးထားသည့် အရုပ်ကလေးများအား အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

 

 

စက္ကူအရုပ်ခေါက် သင်ကြားလိုသည့် ကလေးငယ်များရှိပါက မြို့နယ်ပြန်/ဆက် ဦးစီးဌာနတွင် လာရောက်စာရင်းပေးထားနိုင်ပြီး စနေနေ့တိုင်း အခမဲ့ သင်ကြားပြသပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

 

(မြို့နယ်ပြန်/ဆက်)