မြို့နယ်အခွန် ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၀) သင်တန်းဆင်းပွဲကျင်းပ 

နေပြည်တော် နိုဝင်ဘာ ၃

မြို့နယ်အခွန် ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်း လင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ပြည်တွင်းအခွန်များ ဦးစီးဌာနသည် digital taxation စနစ်သို့ အသွင်ကူးပြောင်း နိုင်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြောင်းလဲ တိုးတက်လာသည့် နည်းပညာများနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်လို ကြောင်း၊ မိမိတို့ တာဝန်ကျရာနေရာတွင် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သင်တန်းသူများကို ဆုများချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။

အဆိုပါသင်တန်းကို နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်း လွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝ ကောက်ခံရရှိနိုင်ရေးအတွက် အခွန်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၈၁ ဦးကို ရက်သတ္တ ၈ ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်