မြို့နယ်အချို့တွင် တရားမဝင်သစ်များဖမ်းဆီးရမိ

နေပြည်တော်  ၁၀  ဖေဖော်ဝါရီ

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးခဲ့ရာ  လယ်ဝေးမြို့နယ်၊ ရုံးပင်ကြိုးဝိုင်း အကွက်အမှတ် (၄၅၊ ၆၈၊ ၇၇၊ ၈၀)အတွင်း တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ ပိုးမဲဇာ/တရော်/ ဆိတ်ချေး/ သံသေ/ ဖျောက်ဆိပ်/ သစ်ကုလား/ ကြက်ရိုး/ ချဉ်ယုတ်/ ကညင်/ ဇောင်းပလွေး/ သစ်ဆိမ့်/လယ်ဇ/ ထောကြံ့/ သစ်မကျီး/ နှော/ ဘင်္ဂ/ ရုံး/ စစ်/ ဒီးဒူး/ယင်းမာ/ ဖက်သန်း/ သင်းဝင်သစ်/ ခွဲသား (၈၃ ဒသမ ၄၂၀၄)တန်၊ အင်ဂျင်(၇)လုံးနှင့် သစ်စက်ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်(၂)စီး၊ ချိန်းဆော(၆) လက်တို့အား လည်းကောင်း၊။

 

ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၄)၊ သနံချောင်းဖျားနေရာတွင် တရားမဝင် ပျဉ်းကတိုးခွဲသား (၇ ဒသမ ၆၃၁၄)တန်  ဖြူးကွန်းကြိုးဝိုင်းအကွက်အမှတ် (၄၀၊၄၂)အတွင်း တရားမဝင် ကျွန်းသစ် (၆ ဒသမ ၉၀၀)တန်၊ မိုးကောင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာ၊ ရှဒူးဇွပ် ဈေးအတွင်း တရားမဝင် ကြေးလံ/ သဒီ/ သပြေခွဲသား (၁၄ ဒသမ ၂၆၉၂)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော ပြစ်မှုကျူးလွန်သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)