မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၅ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ မင်းလှဝကျေးရွာအုပ်စု၊ သပြေတန်းရွာဘုန်းကြီး ကျောင်းအရှေ့ဘက်၊ လှိုင်မြစ်ဘေးတွင် NISSAN UD Counter (၆) ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၇ ဒသမ ၈၉၈၀)တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

52

 

အလားတူ အုတ်တွင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်း အကွက်အမှတ် (၄၈၊ ၇၃) အတွင်း တရားမဝင်ကျွန်းသစ်/ ခွဲခြမ်း (၁၁ ဒသမ ၈၁၈၀)တန်၊ ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာအနီးနေရာ၌ NISSAN Diesel (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက် ခွဲသား (၈ ဒသမ ၆၀၈၂) တန်၊ ကံမမြို့နယ်၊ ကျောက်ပဒေါင်းကျေးရွာ အနောက်ဘက် (၂)မိုင်ခန့် အကွာနေရာ၌ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ ဒီဒူး/ ဖန်ခါး/ ချဉ်ယုတ်/ နဘဲ/ ထောက်ကြံ့/ သင်းဝင်/ သခွပ်/ ဘင်္ဂ/ သခွပ်/ ရုံး/ မျောက်ချော/ ဇင်ပြွန်းသစ်/ ခွဲသား (၃၅ ဒသမ ၀၅၀၉)တန်၊ (၂၅)ကောင်အင်ဂျင် (၃)လုံးပါ တရားမဝင် သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားခံ(၆)ဦး၊ ဘုတ်ပြင်းမြို့နယ် ရေလည်တောင် ဆီအုန်းခြံအနီး မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကတွတ်ခွဲသား (၄ ဒသမ ၇၅၄၆) တန်နှင့်အတူ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း (နေပြည်တော်)