မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၅ ဖေဖော်ဝါရီ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ် ခပေါင်းကြိုးဝိုင်းအကွက် အမှတ်(၈၉၊ ၉၆)အတွင်း တရားမဝင်ကျွန်းခွဲသား (၇ ဒသမ ၉၆၆၈) တန်၊ လက်ပံတန်းမြို့နယ်၊ မုက္ခာကြိုးဝိုင်းအကွက်အမှတ် (၂၀)အတွင်း ပျဉ်းကတိုး/ သစ်မကျည်း/ လယ်ဇ/ ပျဉ်းမသစ် (၅ ဒသမ ၆၂၀၀)တန်၊ ဖောင်းပြင်မြို့နယ်၊ နန်းကမြစ်အပတောနှင့် နန်းကမြစ် ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် သစ်စေး/ အင်/ ကညင် သစ်/ခွဲသား (၉၁ ဒသမ ၅၂၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

သစ်မိ၁

 

ထို့ပြင် ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ရွှေကျင်အပတောနှင့် မဟာမြိုင်ကြိုးဝိုင်း၊ သက္ကကျင်း-ဖောင်းပြင် ကားလမ်းမိုင်တိုင် (၁၀/)နေရာမှ မော်တော်ယာဉ် ()စီးပေါ်မှ တရားမဝင် ကျွန်း/ ကညင်/ အင်/လုံးပတ် ပေအောက် ကျွန်းသစ်/ခွဲသား (၁၇ ဒသမ ၄၆၆၆)တန်နှင့်အတူ တရားခံ()ဦး၊ ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ်ကွက် အိမ်အမှတ်၊ ကပ-၈၈၉(ခွဲ)နေ အိမ်ခြံဝင်းအတွင်း မော်တော်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၀ ဒသမ ၅၁၇၈) တန်နှင့်အတူ တရားခံ()ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း (နေပြည်တော်)

 

သစ်မိ၂