မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်   ၂၄   စက်တင်ဘာ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်း ပေးပို့ချက်အရ စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အတွင်း သစ်တောဦးစီး ဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  လယ်ဝေးမြို့နယ်၊ ပလွေးကြိုးဝိုင်းအကွက် (၉၄၊ ၉၇)မှ တရားမဝင် သံသေ/ ဒီဒူး/ပိုးမဲဇာသစ် (၁၁ ဒသမ ဝ၅၅၀) တန်၊  ကလေးဝမြို့နယ်၊ ဝက်တိုးကျေးရွာ အနောက်ဘက် မှ တရားမဝင် ကျွန်း/ အင်ကြင်း/ ယမနေ/ အင်သစ်/ ခွဲသား၊ (၆ ဒသမ ၈၉၇၆)တန်၊ အင်ဂျင် (၁)လုံးနှင့်ဆက်စပ်ပစ္စည်း(၆)မျိုး၊ လက်ပံတန်း မြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်း အကွက်အမှတ် (၆၄)တွင် မော်တော်ယာဉ် နှင့် တရားမဝင် ကျွန်း၊ ပျဉ်းကတိုးသစ်/ခွဲသား/ ခွဲခြမ်း (၃ ဒသမ ၇၅၈၈)တန်၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာအနီး၊ ရွှေလီမြစ်ကမ်းဘေးတွင် တရားမဝင် ကျွန်းသစ် (၅ ဒသမ ၆၅၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

 

mdn

 

ထို့အပြင် အုတ်တွင်းမြို့နယ်၊ အောင်နန်းတောင်ရွာသစ်အနီးတွင် မော်တော်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁ ဒသမ ၈၆၅၈)တန်နှင့် တရားခံ(၂)ဦး၊ တန့်ဆည်မြို့နယ်၊ ရေဦး-ကလေးဝကားလမ်း၊ မိုင်တိုင် အမှတ်(၁၂/ဝ) အနီးနေရာ၌ မော်တော်ယာဉ် (၂)စီးမှ တရားမဝင် အင်ခွဲသား (၁ ဒသမ ၈၇၂၂)တန်နှင့်အတူ တရားခံ(၂)ဦး၊ ဆားလင်းကြီးမြို့နယ်၊ သံလျှက်ကိုင်း ကျေးရွာအနီး ချင်းတွင်း မြစ်ဘေးမှ တရားမဝင် အင်ခွဲသား (၅ ဒသမ ၄၄၃၈)တန်နှင့်အတူ တရားခံ(၁)ဦး၊ စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတားထိပ်၊ စစ်ကိုင်းဘက်ခြမ်း တံတားရဲကင်း အလွန်တွင် (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသား (၆ ဒသမ ၅၃၉၈)တန်နှင့်အတူ တရားခံ (၁)ဦး၊  ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေး စခန်းအနီး (၆) ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (ဝ ဒသမ ၆၄၀ဝ) တန်နှင့်အတူ တရားခံ(၂)ဦး တို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီး ဌာနမှ သိရသည်။

 

ညီညီသန်း (နေပြည်တော်)