မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကြိုးဝိုင်းအကွက်အမှတ် (၄၂)အတွင်း၊ ကွင်း(၃၀)ကျေးရွာ၏ အနောက်မြောက်ဘက် ()မိုင်ခန့်အကွာမှ တရားမဝင်အင်/ ပျဉ်းကတိုး/ မအူသစ်/ ခွဲသား/ခွဲခြမ်း (၁၁ ဒသမ ၅၂၀၄)တန်၊ ဝိုင်းခုံ(အဟောင်း) ()ခုတို့ကို သိမ်းဆီးရမိခဲ့သည်။

 

အလားတူ ဟုမ္မလင်းမြို့နယ်၊ ဟွေအင်ရွာအရှေ့တောင်ဘက် (၁၂)မိုင်ခန့်အကွာမှ တရားမဝင် ကညင်/အင်သစ် (၅၀ ဒသမ ၄၈၄၀)တန်၊ မင်းကင်းမြို့နယ်၊ မြောင်းဇင်းကျေးရွာ အရှေ့မြောက်ဘက် ()မိုင်ခန့်အကွာမှ တရားမဝင်အင်သစ်/လုံး ပတ်()ပေအောက် အင်သစ် (၁၆ ဒသမ ၀၅၄၀)တန်၊ ဝန်းသိုမြို့နယ်၊ ပြင်တဲကြိုး (၂၂၊ ၂၄) နေရာတို့မှ တရားမဝင် ကျွန်းသစ်/လုံးပတ် ()ပေအောက်ကျွန်းသစ် (၁၃ ဒသမ  ၆၃၈၀)တန်၊ ထီးချိုင့်မြို့နယ်၊ ပြင်တဲကြိုးဝိုင်းအကွက်အမှတ် (၆၈၊ ၆၉)နေရာတို့မှ တရားမဝင်ထောက်ကြံ့/ အင်ကြင်း/ ကျွန်း/ ဘင်္ဂ/ ယမနေသစ် (၃၆)လုံး (၁၀ ဒသမ ၂၄၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ကသာမြို့နယ်၊ လှော်ကဆင်းရေဆိပ်နေရာ၌ ပဲထောင်အပြာရောင်စက်လှေ ()စီးနှင့်အတူ တရားမဝင်ကညင်သစ် (၁၉ ဒသမ ၀၆၀၀)တန်နှင့်အတူ တရားခံ()ဦး၊ မံစီမြို့နယ်၊ ဟန်ထက်-ဗန်းမော်ကားလမ်းမပေါ် Nissan UD (၁၀)ဘီးအဖြူရောင် ယာဉ်ပေါ်မှ တရားမဝင်ကညင်ခွဲသား (၉ ဒသမ ၀၅၀၄)တန်နှင့်အတူ တရားခံ()ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)