မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၂၆ ဇွန် 


    
မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၄ ရက် ည ၁၁ နာရီခွဲက  မိုးညှင်းမြို့နယ်၊ မော်ဟန်-နမ္မချီမှော်ကားလမ်းတွင် ထွန်းထွန်းဝင်း မောင်းနှင်ပြီး မချိုထွေး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀ဝ သိမ်းဆည်းရမိခဲ့သည်။


     
အလားတူ ဇွန် ၂၅ ရက် နံနက် ၄ နာရီက မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချော စစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ  မဘောက်ဂျာ၏အိတ်အတွင်းမှ ဘိန်းဖြူ ၆၆၀ ဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၅၈၅၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်းနှင့် အောင်မင်္ဂလာလမ်းထောင့်တွင် ဇင်မင်းမောင် မောင်းနှင်ပြီး ခင်စိုးလိုက်ပါလာသည့် MITSUBISHI အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ဇင်မင်းမောင်ထံမှ ဘိန်းဖြူ ၁၀ဝ ဂရမ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း၊ ကွင်းဆက်အရ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ သရဖီလမ်းနေ မယုယုခိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မယုယုခိုင်အား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 


    
ထို့အတူ ဇွန် ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် တပ်မတော်မှ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း (တောင်ပေါ်)ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာ- အားဆော်ပေါ်မိုးကျေးရွာသွား ကားလမ်းအနီးရှိချုံ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၁၄၀ဝ နှင့် ကဖင်း ၆၆၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

ကိုရဲ