မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၇ ဇွန်

မူးယစ်တပ်ဖွဲ့စု(၄၂)ရန်ကုန်(အနောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၆ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရန်အေးလမ်းတွင်တွေ့ရှိသူ သောင်းထိုက်ဝင်း (ခ)နောင်နောင် အားစစ်ဆေးရှာဖွေရာ ၎င်းထံမှစိတ်ကြွရူးသွပ်ဆေးပြား ၃၃၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ ကွင်းဆက်အရ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်(တောင်) ရပ်ကွက်၊ ဝေဠုဝန်လမ်း၊ အမှတ်(၇၀)ရှိ မထားနဒီမြတ်(ခ)မော်နင်း၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၈၀ ကိုလည်းကောင်း၊

အလားတူ ဇွန် ၁၅ ရက် နံနက် ၁၁ နာရီခွဲတွင် တပ်မတော်မှ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာအနီးရှိလျှိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၉ သိန်း၊ ကဖင်း ၁၀၅၀ ကီလို၊ ဘိန်းဖြူ ၁ ဒသမ ၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် ၁၉၆ ဒသမ ၃ ကီလိုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို လည်ကောင်း၊ ဇွန် ၁၆ ရက် နံနက် ၉ နာရီတွင်  အဆိုပါလျှိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၄,ဝ၈၃ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် ၁၀ဝ ဂရမ်၊ ပလတ်စတစ်ကပ်ခွာအိတ်ငယ်များ ထည့်ထားသည့် ဆာလာအိတ် ၁၈ အိတ် တို့ကို လည်းကောင်း၊

 

mdn

 

ထို့အတူ ဇွန် ၁၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် တပ်မတော်မှ မိုင်းဆတ်မြို့နယ်၊ မယ်ကြုတ်ကျေးရွာရှိ ဒေါ်မီရှဲ၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြားအကြေမှုန့် ၃ ဒသမ ၃၆ ကီလို ကိုလည်းကောင်း၊ အလားတူ နံနက် ၁၀ နာရီခွဲတွင် တစ်ရွာ တည်းနေ ကျကာ၏နေအိမ်ကိုရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၂၀ဝ ၊ ဘိန်းဖြူ ၁၉၁ ဂရမ်၊ ကဖင်း ၁၈ ကီလို၊ ဝမ်ချက်စတာသေနတ်တစ်လက်နှင့် လေသေနတ် တစ်လက် တို့ကိုလည်းကောင်း၊ ဆက်လက်၍ မိုင်းဆတ်မြို့နယ်၊ ပူနားကို-ဖတ္တမိန်းသွားကားလမ်းရှိ သင်္ချိုင်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၄၀,ဝ၀ဝ ကိုလည်းကောင်း၊ မိုင်းတွမ်းတောင်ပေါ် ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာ အထွက်ရှိ အမှိုက်ပုံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,ဝ၀ဝ ၊ ကတ်တမင်း ၅ ကီလို၊ ၉ မမ ပစ္စတို တစ်လက်နှင့် ၎င်းကျည်အိမ်တစ်ခုတို့ကိုလည်းကောင်း၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ အားဆော်ပေါ်မိုး ကျေးရွာ၏မြောက်ဘက်ရှိ မြေကြီးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆,ဝ၀ဝ ကိုလည်းကောင်း၊ အလားတူ ညနေ ၄  နာရီ မိနစ် ၅၀ တွင် မယ်ကြုတ်ကျေးရွာရှိ မောရှည်၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဂတ်စ်အိုး ၂၀ လုံး၊ ဆေးပြား မွှေစက်တစ်လုံး၊ အအေးပေးစက် ၂ လုံး၊ မီးစက်အသေး ၂ လုံးနှင့် ညှစ်စက်တစ်လုံး တို့ကို လည်းကောင်းသိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)