မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၆ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်ကွက်၊ ၁၄၁ လမ်း (တပင်ရွှေထီးလမ်း)၊ ၆၄ x ၆၅ လမ်းကြားရှိ ကျော်စွာဝင်း နေအိမ်ကိုဝင်ရောက် ရှာဖွေရာ ကျော်စွာဝင်း၊ အေးချမ်းသူ နှင့် မျိုးမင်းသိန်း တို့ ၃ ဦးအားတွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် NISSAN DIESEL အမျိုးအစား ၁၂ ဘီးယာဉ်ပေါ်မှ ဘိန်းဖြူ ၈ ဒသမ ၂၅ ကီလို ကိုလည်းကောင်း။

ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ၁နာရီတွင် ပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၃ လမ်း ၊ ၈၈ x ၈၉ လမ်းကြားရှိ ဟိုတယ်တွင် တည်းခိုနေသည့် ချမ်းညိမ်းဖြိုး ၏ အခန်းကိုဝင်ရောက် ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၇၅၂ ကီလို ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်