မြို့နယ်အဆင့် ဝါးထုတ်ယူသုံးစွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စေတုတ္တရာ    ၂၅ ဖေဖော်ဝါရီ    

                                                                                     

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မြို့နယ်အဆင့် ဝါးထုတ်ယူ သုံးစွဲမှုဆိုင်ရာ လုပ်ငန်းညိှနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉) နာရီတွင် မြို့နယ်ဓမ္မစကူးခန်းမ၌  ကျင်းပ ပြုလုပ်ခဲ့သည်။

 

         

ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားပြီး  ဆက်လက်၍ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းနိုင်(၃)က ဝါးနှင့်ပတ်သက်သော  ထုတ်လုပ်မှု စီမံချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

 

         

ထို့နောက် ကျေးလက်လူမှုဖွံ့ဖြိုးရေးရပ်ဝန်းအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်မြောက်ရေး တာဝန်ခံမှ ဦးဇော်မင်းမှ အခမ်းအနား ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်ပြောကြားခဲ့ပါသည်။

 

         

အဆိုပါအစည်းအဝေးသို့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် စေတုတ္တရာမြို့နယ် လူငယ်ရေးရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖေါ်ဝါရီ ၂၅  ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။                                                                                             

 

ပေါက်ပေါက်(ပြန်/ဆက်)