မိုးညှင်းမြို့ပေါ်ရှိ အထင်ကရဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်

မိုးညှင်း   နိုဝင်ဘာ   ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်ရှိ အထင်ကရ ဘုရားစေတီပုထိုးများ၌ တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့)တွင် နံနက်ပိုင်းမှစတင်ကာ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုကြသူ များပြားခဲ့သည်။

ဘုရားဖူးမြော်ကြည်ညိုကြရာတွင် မိုးညှင်းမြို့ပေါ်ရှိ အထင်ကရဘုရားစေတီပုထိုးများဖြစ်ကြသော ကချင်ပြည်နယ်အတွင်း၌ အကြီးဆုံးဖြစ်သည့် ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီး၊ ဆုတောင်းပြည့် ကျားဖြူရှင်စေတီဘုရား၊ ဆုတောင်းပြည့် ကပ်ကျော်ဇမ္ဗူအေးမြို့ဦးစေတီဘုရား၊ မဟာနိမ္မိတမုနိ မြသိန်းတန်ဘုရားကြီးနှင့် တောင်ပေါ်ကျောင်းစေတီဘုရား ပုထိုးရုပ်ပွားတော်တို့တွင် သံဃာတော်များနှင့် ဒေသခံပြည်သူများက ကိုဗစ်−၁၉ လမ်းညွှန် စည်းကမ်းချက်များနှင့်အညီ ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်း၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ခြင်းများ၊ ဝတ်ရွတ်အဖွဲ့များမှ ဝတ်ရွတ်ပူဇော်ခြင်းတို့ဖြင့် စည်ကား များပြားခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)